Friday, October 15, 2010

ပြတင်းပေါက်

0 comments
တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းတစ်ခုထဲတွင် လူနာနှစ်ယေက်ရှိကြသည်။ နှစ်ယောက်လုံးပင် ရောဂါသည်းသော လူနာများဖြစ်ကြသည်။အခန်းလေးက ကျဉ်းပြီးအပြင်လောကကို ကြည့်စရာပြတင်းပေါက် တစ်ခုသာရှိသည်။

လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လည်ပိုင်းတွင် သူ့အဆုတ်ထဲက အရည်တွေကို ပိုက်နှင့်ဆုပ်ထုတ်ရတာကို အကြောင်းပြု၍ တစ်နာရီထိုင်ခွင့်ရသည်။သူ့ခုတင်က ပြတင်းပေါက်အနီးမှာ ရှိသည်။ တစ်ဖက်ခုတင်ရှိလူနာကတော့ တစ်ချိန်လုံး ပက်လက်လှန်ကာ စန့်စန့်ကြီး လှဲနေရသည်။

နေ့လည်ခင်းတိုင်း ပြတင်းအနီးရှိလူနာက ခုတင်းခေါင်းအုံးတွေဘာတွေဆင့်ကာကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် အပြင်ဘက်ဆီမှ သူလှမ်းမြင်ရသည့် အရာတွေကို အနီးရှိလူနာအား ပြောပြလေ့ရှိသည်။ ပြတင်းပေါက်မှ လှမ်းကြည့်လျှင် အပြင်မှာ ပန်းခြံကြီးတစ်ခု မြင်ရသည်ဟုဆိုသည်။အဲဒီထဲမှာ ရေကန်ကြီးတစ်ခုရှိသည်။ ကလေးများက သူတို့ကိုပေါင်မုန့်တွေ ပစ်ကျွေးနေကြသည်။

ကလေးအချို့ကလှေကလေးတွေ မျောနေကြသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက် လက်ချင်းတွဲပြီး လမ်းလျှောက်နေကြသည်။ ပန်းတွေက ဝေဝေဆာဆာ ပွင့်လန်းနေကြသည်။ မြက်ခင်းစိမ်းစိမ်းက အပြန့်ကျယ်လှသည်။ အဲသည်မှာ ဘောလုံးကစားနေကြသူတွေလည်း မြင်ရသသည်။

ဟိုးအဝေးဆီတွင် သစ်ပင်တွေထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာ အိမ်ရာများ။ ထို့နောက် ပြာလဲ့သောမိုးကောင်းကင်။ပက်လက်လှန်နေရသောသူသည် တစ်ဖက်လူ ခရေစေ့တွင်းကြ ပြောပြသမျှကို နားစွင့်ကာ ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။ ကလေးတစ်ယောက် ရေထဲ လိမ့်ကျတော့မလို ဖြစ်သွားတာ နွေရာသီ ဝတ်စုံသစ်တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသည်ဖြင့် အပြင်လောကမှ ဖြစ်ပျက်နေပုံ အလုံးစုံကိုသူ့ အာရုံထဲ အသေးစိတ် မြင့်ခွင့်ရနေသည်။

သည်လိုနေရင်း သာယာသော နေ့လယ်ခင်းတစ်ခုမှာ သူ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာသည်။ တစ်ဖက်လူကတော့ ပြတင်းပေါက်နားမှာနေပြီး အပြင်လောက ရှုခင်းအစုံကိုစိတ်တိုင်းကျ ကြည့်ခွင့်ရနေသည်၊ မိမိကိုတော့ ဘာကြောင့်အဲသည်မှာ ထားမပေးသလဲ ဟူသော အတွေးဖြစ်သည်။ သည်လိုသေးသေးသိမ်သိမ်တွေးမိခြင်းအတွက်လည်း သူရှက်တော့ရှက်မိသည်။ သို့သော် အတွေးကိုဖျောက်နေသည့်ကြားကပင် နေရာခြင်း လဲခြင်းစိတ်က ပြင်းပြသထက်ပြင်းပြလာသည်။

ဘယ်နည်းနဲ့ဖြစ်ဖြစ်လဲရမှ ဖြစ်မယ်ဆိုတာမျိုးအထိ သူတွေးမိလာသည်။တစ်ညမှာတော့ သူမျက်နှာကြက်ကို ငေးကြည့်နေစဉ် တစ်ဖက်လူရုတ်တရက် နိုးလာကာ ချောင်းစိုးသည်။ ချောင်းဆိုးရင် သီးလာသည်။ သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့် အချက်ပေးခလုတ်ကို နှိပ်ရန် လက်ကစမ်းတဝါးဝါး လိုက်ရှာသည်။

သို့သော် သူမလှုပ်ရှား။ တစ်ဖက်လူအသက်ရှုရပ်သွားသည်အထိ ငြိမ်၍ပင် စောင့်ကြည့်နေသည်။ နောက်နေ့မနက်မှာ သူနာပြုဆရာမက တစ်ဖက်လူသေဆုံးနေကြောင်းတွေ့ရှိကာ အလောင်းကို တိတ်ဆိတ်စွာပင် သယ်ယူလိုက်သည်။ဣနြေ္ဒမပျက်လောက်ဘူးဟု ထင်ရသောအချိန်လောက်တွင် ကျန်ရစ်သူက သူ့အားပြတင်းပေါက်အနီးရှိ ခုတင်သို့ပြောင်းပေးနိုင်မလားဟု မေးသည်။

သို့နှင့် ပြောင်းပေးကြသည်။သက်သောင့်သက်သာ အရှိဆုံးဖြစ်အောင် နေရာချပေးကြသည်။ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသိုပေးသည်။သူနာပြုတွေထွက်သွားသည်နှင့်တစ်ပြိုင်နက် တံတောင်တစ်ဖက်ပေါ်တွင် အားပြုကာ သူကြိုးစား၍ထသည်။နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံကာ သူ့ကိုယ်သူ ခဲယဉ်းပင်ပန်းစွာ ထူမပြီး ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်သည်။

အပြင်၌ နံရံတံတိုင်းတစ်ခုသာ သူမြင်ရလေသည်။

ဘာသာပြန်- ဖေမြင့်
မူရင်း- အမည်မသိ စာရေးသူ၏ Window

Image and video hosting by TinyPic

ပုံရိပ်စစ်

0 comments
သိတော့သိသည် အတွေးတစ်ခု
မရေမရာ ကိုယ်ကိုယ်တိုင်လည်း
ပြန်မမေးရဲ ခံစားခဲ့တာတော့
အသေအချာ....

ပြန်လာနိုးနိုး လာမည်လားနှင့်
မျှော်ခဲ့တာလည်း ရက်တွေကုန်လို့
လတွေပြောင်းကာ နှစ်တွေကြာခဲ့ပြီ....
ကြာတော့ကြာပြီ ဆိုပေမယ့်လည်း
ခံစားချက်က အရိုးထိအောင်
ရူးသွပ်ခဲ့တော့ ရင်မှာနုသစ်ဆဲ..

အတွေးတစ်ခု မရေရာသော်လည်း
ခံစားချက်တစ်ခု ရေရေရာရာ
ကိုယ်တိုင်သိလို့ ခံစားမိကာမှ
နှုတ်ကမထွက် ပင့်သက်အရှိုက်
ရင်တဖို့မှာ သက်ပြင်းတွေနှင့်
မျောပါရ၏...

ဘယ်သောဘယ်ခါ ပြန်ဆုံမည်လဲ
ပင်လယ်တွေခြား ဝေးကြီးဝေးမှ
ကိုယ်တိုင်သိလို့ ခံစားမိလည်း
အချိန်တွေဟောင်းနှင့် အချိန်တွေနှောင်းကာ
ကိုယ်ကိုယ်တိုင်တောင် ပြန်မတွေးရဲ
ရင်ကနှလုံးသား နာကျည်းကျန်မှာ
စိုးပါသည်...

ညစဉ်ညတိုင်း ကိုယ့်တွေးစိတ်ထဲ
စိုးမိုးလွန်းတဲ့ အပြုံးမျက်နှာ
ပြန်မြင်ယောင်မိတဲ့ ကိုယ့်အိပ်မက်တွေ
ဘယ်သူပြောလို့ သူသိမှာလဲ
ရှက်ပြုံးပြုံးလေး ပြုံခဲ့မိတာ..
မျှော်ကာနေမလား ကိုယ်တစ်ယောက်တည်း
အတွေးဝင်မိ ရင်မှာခံစား
အတိတ်ဟောင်းတွေ ပြန်သတိရကာ
သူပေးခဲ့သော အမှတ်တရ
အလွမ်းတွေနှင့် အဝေးကြီးဝေးမှ
မင်းကို...... ချစ်တတ်ခဲ့ပြီ
မိန်းကလေးရယ်

24.8.2009
9:00(PM)
Image and video hosting by TinyPic

Friday, September 17, 2010

မီးခတ်မှော် စာတမ်း

0 comments
                      သောမတ် အယ်ဒီဆင်ဟာ သီတင်းကျွတ်တိုင်း ဆရာမတွေကို လိုက်ကန်တော့လေ့ ရှိပါသလား။ အိုင်းစတိုင်းဟာသူ့ရဲ့အလုပ်စားပွဲမှာ ‘ မိဘမျက်ရည်တစ်စက် သားသမီး ဆင်းရဲတစ်သက်’ ဆိုတဲ့ စာတမ်းကို ကပ်ထားသလား။

                      မိဘကိုရိုသေတာ ဆရာကိုရိုသေတာဟာ ဘိုးဘွားစဉ်လာ ယဉ်ကျေးမှုဖြစ်တယ်။ ဒါဟာ လူငယ်တွေရဲ့စိတ်ဓာတ်ကို ယုတ်မာမှု ကျေးဇူးကန်းမှု စတဲ့ မကောင်းခြင်းတရားတွေ ဝင်မလာအောင် ကာကွယ်တားဆီးပေးတဲ့ ခံတပ်ပဲ။ အဲဒီတော့ အတိချုပ်ပြောရရင် ဘိုးဘွားစဉ်လာ ယဉ်ကျေးမှုဆိုတာ စိတ်ဓာတ်ကို လေ့ကျင့်ပေးတဲ့ ကိစ္စပါ။

ဒါပေမယ့် ထူးချွန်အောင် တော်အောင် ဖန်ဆင်းပေးတဲ့ တန်ခိုးရှင်တော့ မဟုတ်ပါဘူး။

                         ဟိုတစ်လော ဂျာနယ်တစ်စောင်ထဲမှာဖတ်လိုက်ရတယ်။ အနည်းငယ် လူသိများစ ပြုနေပြီဖြစ်တဲ့ မော်ဒယ်ကောင်မလေးတစ်ယောက်ကို အင်တာဗျူးလုပ်ထားတာပါ။
မေးမြန်းသူက
“ အောင်မြင်မှုရဖို့အတွက်ဘာလိုအပ်ပါသလဲ” လို့မေးတဲ့အခါ အဲဒီကောင်မလေး ဘာပြန်ဖြေသလဲဆိုတော့ …
“ အောင်မြင်ဖို့ ဘာသာတရားလိုအပ်ပါတယ်။ သမီးကတော့ နေ့တိုင်း ဘုရားရှိခိုးပါတယ်။ အဓိဌာန်ပုတီးစိပ်တယ်။ တရားထိုင်တယ်တဲ့။
(အဲဒီ အဖြေကို ဖတ်ပြီးတဲ့ နောက်မှာ) အဲဒီ မော်ဒယ်ကောင်မလေးကို ကျွန်တော်အရမ်း သနားသွားတယ်။ ဆယ်နှစ်သားကလေးကိုသင်ပေးရင်တောင် ရနိုင်တဲ့ ယုတ္တိဗေဒ ကို သူမ မစဉ်းစားတတ်ရှာလို့ပါ။
စောစောကပြောခဲ့သလိုပဲ ဘာသာရေးတို့ဘိုးဘွားစဉ်လာ ယဉ်ကျေးမှုတို့ ဆိုတာတွေက “စိတ်ဓာတ်” အတွက်ပဲဖြစ်တယ်။
အောင်မြင်ဖို့အတွက်ကတော့တော်ဖို့လိုပါတယ်။
ဒီနှစ်ချက်ကိုတော့ ရောထွေးပစ်လို့ မရဘူး။

                       ယဉ်ကျေးမှု မြင့်မားလာရင် “ လူကောင်း” ဖြစ်မယ်။ ဒါပေမယ့် လူတော် ဖြစ်ချင်ရင်တော့ အရည်အချင်းရှိအောင် ကြိုးစားရမယ်။ တကယ်ကြိုးစားရမယ်။ အသေအလဲကြိုးစားရမယ်။
စကားပြောရင်လက်ကလေးပိုက်ပြီး ‘ ဟုတ်ကဲ့ခင်ဗျ၊ ဟုတ်ကဲ့ခင်ဗျ’ လို့ပြောတတ်ရုံ လူရှေ့သူရှေ့မှာ ခေါင်းငုံ့ခါးညွတ်ပြီးသွားတတ်ရုံလောက်နဲ့တော့ လူတော် ဖြစ်မလာဘူး။

ဥပမာတစ်ခုပြောပြချင်ပါတယ်။
                         ကွန်ပြူတာ စာစီစာရိုက်နဲ့ မိတ္တူကူးစက်ထောင်ထားတဲ့ လူငယ်လေးတစ်ယောက်ပေါ့။ သူဟာမိဘကိုလုပ်ကျွေးနေသူဖြစ်ပါတယ်။ ဆရာသမားတွေကို ရိုသေလိုက်တာလည်း မပြောပါနဲ့တော့။
သူရဲ့စိတ်ဓာတ်ကိုကျွန်တော်တို့အင်မတန်နှစ်သက်ပါတယ်။ ဒါပေမယ့် သူ့မှာ ချွတ်ယွင်းချက်တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ ကွန်ပြူတာစာစီစာရိုက်မှာ အင်မတန် ညံ့ဖျင်းတာပါပဲ။ စာလုံးအကျအပေါက် အလွန်များတယ်။ ရက်ချိန်မမှန်ဘူး။ ရလာပြန်တော့လည်း စိတ်တိုင်းမကျဘူး။ မိတ္တူကူးရင်လည်း မည်းတူးပြီး ထွက်တဲ့အခါ ထွက်လာတယ်။ မထင်မရှား မှုန်တိမှုန်ဝါးထွက်လာတဲ့အခါ ထွက်လာတယ်။
ကဲ…စဉ်းစားကြည့်ပါ။
ခင်ဗျာသာဆို သူ့ဆီမှာ အလုပ်အပ်မလား။
ကျွန်တော်ကတော့ (မိဘ လုပ်ကျွေးနေတဲ့)သူ့ကို လေးစားတယ်။ ဒါပေမယ့် အလုပ်အပ်ရင်တော့ သူ့ဆီမှာမအပ်ဘူး။

မိဘကိုရိုသေပါ…. ကောင်းပါတယ်။
ဆရာ့ကျေးဇူးကိုသိတတ်ပါ… ကောင်းပါတယ်။
ဒါပေမယ့် ကိုယ်ညံ့ရင်တော့ ကိုယ်ခံရမှာပဲ ဆိုတာ ဦးနှောက်ထဲ စွဲစွဲမြဲမြဲထည့်ထားပါ။


                     ကျွန်တော်တို့ မြန်မာလူ့အဖွဲကအစည်းမှာ မိဘကိုရိုသေတဲ့လူ၊ ဆရာကိုရိုသေတဲ့လူဆိုရင် Handicap ပေးကြတယ်။ Handicap ဆိုတာ နေရာပေးတာ ဦးစားပေးတာတော့မှန်တယ်။ ဒါပေမယ့် သနားငဲ့ညှာတဲ့ သဘောနဲ့ ပေးတဲ့ “ နေရာ” ဖြစ်တယ်။

တော်လို့ပေးတဲ့ နေရာ ကိုယူမလား။
သနားလို့ပေးတဲ့ နေရာ ကိုယူမလား။

                         ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းမှာ စာတော်တဲ့ ကလေးတော်တော်များများစာ ဆရာကို ရိုသေတဲ့ ကလေးတွေ ဖြစ်တာ များတယ်။
ဒီနေရာမှာ ကြောင်းကျိုးဆက်ဆပ်မှု ဖြစ်စဉ်ကို ကျွန်တော် နည်းနည်းသုံးသပ်ပြပါရစေ။
(က) ဆရာကို ရိုသေတယ်။
(ခ) ဆရာရဲ့အာရုံစူးစိုက်မှု့နဲ့အတူ စာကိုပါအာရုံစိုက်လာစေတဲ့ တွန်းအားဖြစ်လာတယ်။
(ဂ) စာကို ပိုကြိုးစားဖြစ်တယ်။
(ဃ) ဒါကြောင့် စာတော်လာတယ်
ဟောဒီကြောင်းကျိုးဖြစ်စဉ်တစ်ခုလုံးဟာ (က)မှ (ခ)၊ (ခ)မှ (ဂ)၊ (ဂ)မှ (ဃ) ဆိုပြီး တစ်ဆက်တည်းလိုလို အောက်မေ့ချင်စရာပါ။
(ဃ) စာတော်လာတယ်ဆိုတဲ့ အကျိုးဆက်အတွက်အကြောင်းရင်းခံဟာ (ဂ) စာကိုပိုကြိုးစားဖြစ်တယ် ဆိုတဲ့ အချက်သာလျှင်ဖြစ်တယ်။
(က) အချက်ဟာ အကြောင်းရင်းခံ (ခ) အချက်ဟာ အကျိုး
(ဂ) အချက်ဟာ အကြောင်းရင်းခံ (ဃ)အချက်ဟာ အကျိုး
ဆိုပြီး နှစ်ပိုင်းခွဲခြားမြင်ရမှာပါ။

ဒါပေမယ့် ဆုံးမတဲ့သူတွေက အဲဒီအချက်(၂) ချက်ကို တစ်ကြောင်းတည်းအဖြစ် ပေါင်းစည်းရောထွေးပစ်လိုက်ပါတယ်။
အဲဒီလို ရောထွေးအမြင် တွေဟာ ယုတ္တိဗေဒအရ ကြည့်ရင် အန္တရယ်ကြီးပါတယ်။ စောစောက ဥပမာကိုပဲ ပြန်ကြည့်ပါ။ အစ (အကြောင်းရင်းခံ) ဟာ ဆရာကို ရိုသေခြင်း ဖြစ်ပြီးအဆုံးသတ် (အကျိုး) ဟာ စာတော်ခြင်း ဖြစ်တယ်လို့ အထင်မှားသွားနိုင်ပါတယ်။
ဒါကိုယုတ္တဗေဒနဲ့ ပြောင်းပြန်လှန်ကြည့်ရင်….
(က) လိမ္မာတဲ့ကလေးကို (ချစ်လို့) ဆရာက စာပိုသင်ပေးတယ်။
(ခ) ဒါကြောင့်စာပိုတော်လာတယ်။
ဆိုတဲ့ ကြောင်းကျိုးဆက်မျိုး ရလာရင် လူငယ်တွေရဲ့ အတွေးခေါ်ဟာ ငါးပါးမှောက်ရချေရဲ့။

                  ကျွန်တော်တို့ဟာ လူ့အဖွဲ့အစည်း အဆောက်အအုံ၊ အစဉ်အလာ ယဉ်ကျေးမှု၊ နှုန်းစံတွေနဲ့ လူတစ်ယောက်ခြင်းစီရဲ့ ထူးချွန်မှု မထူးချွန်မှုတို့ကို ရောထွေးအမြင် နဲ့ အကဲမဖြတ်သင့်ပါဘူး။
ဒါဟာ သီးခြားကိစ္စတွေပဲ ဖြစ်တယ်။

ဆုံမတဲ့ သူတွေကလည်း ကလေး(လူငယ်) တွေကို စည်းဘောင်တစ်ခုတည်းမှာပဲ ကန့်သတ်ပြီး ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း တော် ဖို့ ဘောင်မခတ်သင့်ပါဘူး၊ ပုံစံမသွင်းသင့်ပါဘူး။

ကလေးတွေ သူတို့ဘာသာသူတို့ လွတ်လွတ်လပ်လပ် (သူတို့တော်ချင်တဲ့ ပုံစံအတိုင်း) တော်ပါစေ။

မြန်မာ့ယဉ်ကျေးမှုတွက် ကလေးတွေကို မိဘဆရာ အပေါ်ရိုသေပါစေ။
ဒါ…ကောင်းပါတယ်
ကမ္ဘာကြီးထဲကို တိုးဝင်ဖို့ကြတော့ ကလေးတွေကိုယ်တိုင် တော် မှဖြစ်မယ်။
တော် အောင်လည်းလုပ်ကြပါဦး။
ဒါ ပိုအရေးကြီးတယ်လို့ ကျွန်တော်ကတော့ထင်တာပါပဲ။ သဘောတူပါသလား။


မင်းခိုက်စိုးစန်
ဇွန်၊ ၂၀၀၄

မှတ်ချက်။ လူငယ်များသို့…(၂) မှ ကောက်နုတ်ချက်

Image and video hosting by TinyPic

Thursday, September 2, 2010

0 comments
မယားဓါတ်ပုံ

မယား - ရှင် ကျွန်မဓါတ်ပုံ ကို နေ.တိုင်း ရုံးတက်တဲ.အိတ်ထဲထည်.ထည်.ထားတယ်
။ ဘာလို.လဲ။
လင် - သြော် ဘယ်လောက် ကြီးမားတဲ. အခက်ခဲ ကြုံရ ပါစေ မင်းဓါတ်ပုံကိုကြည်.လိုက်တာနဲ. အားလုံးကို ကျော်လွားနိုင်ခဲ.တယ်။
မယား - ကြည်.စမ်း၊ ကျွန်မ ဟာ ရှင်.အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲ နော်။
လင် - ဟုတ်ပါ.၊ မင်းဓါတ်ပုံကို ကြည်.ပြီး ငါ.ကိုယ်ငါ ပြန်မေးကြည်.တယ်
"ဒီထက်ဆိုးတဲ. အခက်အခဲ ဘာရှိနိုင်ဦးမှာလဲ" လို.



ယောင်္ကျားရေ မိန်းမခေါင်းကိုက်လိုက်တာ

ရဲ ၀န်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ သူအလုပ်စော ပြီး တာနဲ. အိမ်ကို စောစောပြန်လာ ပါတယ်။ မနက် ၂ နာရီခါတိုင်းထက် ၄နာရီ စောပြီး ပြန်လာပါတယ်။
ရဲဝန်ထမ်း ဟာ သူ.မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာ ဆိုးသည်နှင်.မီးမဖွင်.အမှောင်ထဲမှာ တင် ယူနီဖောင်း အင်္ကျီ ကို ချွတ်ချလိုက်ပြီး
ကိုယ်လုံး ဗလာဖြင်. ခုတင်ပေါ် တက်လိုက်ပါတယ်။ဒီအခါမှာ သူ.မိန်းမ က ကယောင်းကတန်းနှင်.

မိန်းမ - "ယောင်္ကျား ရေ ဒီမှာ ခေါင်းကိုက်လိုသေတော.မယ် ။ ဟို ၂၄ နာရီဆေးဆိုင်က ခေါင်းကိုက်ပျောက်ဆေးလေး သွားဝယ်ပေးပါလား ဟင်"
ရဲဝန်ထမ်း - "၀ယ်ပေးရမှာပေါ. မိန်းမရယ်၊ ခဏလေးစောင်.နော်"
လို. ဆိုပြီး ကမန်းကတန်း အင်္ကျီ ကောက်ဝတ်ပြီး ဆေးဆိုင်ကိုသွားပါတော.တယ်။ ဆေးဆိုင်ရောက်တော. အရောင်းဝန်ထမ်းက အံ.သြပြီး
အရောင်းဝန်ထမ်း - "ခင်ဗျား က ဟိုဘက်မြို.နယ် က ရဲမဟုတ်လား"
ရဲဝန်ထမ်း - "ဟုတ်တယ်လေ ဘာလို.လဲ"
အရောင်းဝန်ထမ်း - "ဒါဆို ခင်ဗျား ဘာလို. မီးသတ်သမား ၀တ်စုံကြီး ၀တ်ထားရတာလဲ"
ရဲဝန်ထမ်း - "ဟေ"



အမလေး ရှင်မပြန်သေးဘူးလား?

အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ.ရဲ. small လေး ဆီကို
အလည်သွားပါတယ်။ သူ.ရဲ. small လေးကလဲ သူ.ကိုတွေ.တိုင်း

Small လေး - "ရှင်.ရဲ. ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ
ရှင်ရဲ. အင်မတန် ခန်.ညားတဲ. ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို.ရမှာ"
အမျိုးသား - "ငါ.အိမ်က အဖွားကြီးက အဲ.ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါ.သာ
အဲ.ဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ.
ဝေးပြီ။"
Small လေး - "တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန်.အဟွန်."

Small လေး ရဲ. အချွဲကောင်းမူကြောင်. ထိုအမျိုးသားလဲ သူ.ရဲ. ပသိုင်းမွေး
ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာ ပဲ သူက ကျောပေးပြီး အိပ်နေသော သူ.မယားကြီး ခုတင်ပေါ်ကို
တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။ မယားကြီး က ရုတ်တရက် နိုးလာပြီး
လှည်.မကြည်.ပဲ သူ. ရဲ. မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ "အမလေး

ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော.မှာနော်"





နောင်တ

ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။

ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..
ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..



ဒါပေမယ့်

"သမီး အဲလိဇဘတ်…မနေ့ ကမင်း ဖေဖေ ပြန်လာတော့ မူးနေသေးလား"။

" မူးတော့ မူးမယ်မထင်ဘူး မေမေ ။ဒါပေမယ့် သူဘယ်သူလဲဆိုတာကို သိချင်တယ်ဆိုပြီးတော့ မှန်တော့ ယူခိုင်းတယ်"။



သတင်းသုံးခု

ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
"ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊
နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့ 
အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက စပြောမယ်၊
မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊
ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို
ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်….
အဲ …..အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့ 
ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "



အမေတာဝန်ယူတယ်

"မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ ဝါဒီ၊
ငရဲ ရှိတယ်ဆိုတာ သူမယုံဘူး"
" လက်သာထပ်လိုက်ပါ သမီးရယ် ၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင်
လုပ်ဖို့ မေမေ့တာဝန် ထားလိုက်ပါကွယ် "


မှန်လိုက်လေ

လင်မယားနှစ်ယောက် စကားပြောနေကြရာ

မိန်းမ " ရှင်တို့  ယောက်ျားတွေက ဒီဘက်နားက၀င် ဟိုဘက်နားကပြန်ထွက်သွားတာပဲ"

ယောက်ျား " မင်းတို့ မိန်းမတွေကရော"

မိန်မ " ကျုပ်တို့ ကတော့ ဟိုဘက်နားက၀င်တာရော ဒီဘက်နားက ၀င်တာရော

ပါးစပ်ကပဲ ပြန်ထုတ်တာ"



စဉ်းစားပါဦး

သူမ "ငါနိုင်ငံခြားသွားမလို့ "

သူငယ်ချင်း " ဘာလုပ်ဖို့ "

သူမ " ပိုလှအောင် ခွဲစိတ်ကုသမလို့ "

သူငယ်ချင်း " အတော်ကုန်မှာပဲနော်"

သူမ " သိန်း၂၀၀ လောက်တော့ ကုန်မှာပေါ့ "

သူငယ်ချင်း " နှမြောစရာကြီးဟယ်"

သူမ " ကိုယ်ချစ်သူအတွက်ပဲကွာ"

သူငယ်ချင်း " စဉ်းစားပါဦးကွာ။ မင်းမှာရှိတဲ့ သိန်း၂၀၀ကုန်သွားရင်

မင်းချစ်သူက မင်းကို ချစ်ပါဦးမလား"



ကယ်တင်ရှင်

ဇိမ်ခံ သဘော်ပေါ်တွင်လိုက်ပါလာသော အပျိုချောတစ်ဦး၏ နေ့စဉ်မှတ်တမ်းတွင်အောက်ပါအတိုင်းရေးထားသည်

ပထမနေ့…အပျံစားသဘော်ဖြစ်သည်။

သဘော်ပေါ်ရှိယောက်ျားများတွင်
captain သည် အချောဆုံး အခန့်ဆုံး ဖြစ်သည်

ဒုတိယနေ့…ထမင်းစားခန်းတွင် captain နှင့်တစ်စားပွဲတည်း ကျသည်။

တတိယနေ့…သဘော်ကို captain က လိုက်ပြသည်။ထို့နောက် ချစ်ရေးဆိုသည်။

စတုတ္ထနေ့….ယနေ့ည သူ၏အခန်းသို့မလာပါက သဘော်ကို မှောက်ပစ်မည်ပာု ခြိမ်းခြောက်သည်။

ပဉ္စမနေ့… မနေ့က ညက ခရီးသည် 380 နှင့် သဘော်သား 120 တို့၏ အသက်ကို ကယ်တင်လိုက်သည်။



ပြေးကြည့်ဦး

"မေမေ.ပာိုမှာကြည့်ဦး သူခိုးကို
လူအုပ်က လိုက်ဖမ်းနေတယ်"
"ပာယ်. ပာုတ်လား၊မြန်မြန်သွားကြည့်စမ်း။
နင့်အဖေများ ဖြစ်နေသလားလို့"



မင်းကြောင့်

လင်မယားများ သစ္စာဖောက်မှု အကြောင်းကို ခေါင်းစဉ်တပ်ကာသဘော်သားများအား ပောာပြောပွဲလုပ်သည်
လင်မယားအချင်းချင်း သစ္စာဖောက်ခြင်းသည် မဆန်းတော့ကြောင်းရာခိုင်နှုန်းအရ မင်းသား မင်းသမီးများသည် သစ္စာအမဲ့ဆုံး ဖြစ်ကြောင်း
အားကစားသမားများက ဒုတိယနေရာမှာ ရှိနေပြီး သဘော်သားများက တတိယနေရာရောက်နေပြီဖြစ်ကြောင်း ပို့ချသူက ရှင်းပြသည်

ထိုအခါ သဘော်သားတစ်ယောက်က"ကျွန်တော် သဘော်လိုက်နေတာ နှစ် 20 ရှိနေပြီ အိမ်ကမိန်းမကို တစ်ခါမှသစ္စာမဖောက်ဖူးဘူး"

ထိုအခါ ဘေးမှသဘော်သားများက" မင်းလို ကောင်မျိုးကြောင့်ငါတို့တွေ တတိယနေရာရောက်နေတာပေါ့ကွ"
ပာု မကျေမနပ်ပြန်ပြောကြလေသည်…



မင်းသိမှာပေါ့

A:"ပော့ ဂျွန်. မင်း ဘုရားသခင်ကိုသိလား"
B:"ပာင်အင်း မသိဘူး"
A:"အဲ့ဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေညတိုင်းဖွင့်တဲ့ ဘာသာရေးသင်တန်းကို လာရင်သူ့ကို သိမှာပေါ့"

B:"မင်းကရော ကာရိုးလ်ကိုသိလို့လား"
A:"ပာင်အင်း မသိဘူး"
B:"အဲ့ဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေညတိုင်းဖွင့်တဲ့ ဘာသာရေးသင်တန်းကို မလာရင် မင်းမိန်းမဆီကို လာနေတဲ့ ကာရိုးလ် ကိုသိမှာပေါ့"


Image and video hosting by TinyPic

Saturday, August 28, 2010

နုမျှစ်စဉ်ခါ ခဏလေးမှာ

0 comments
ဖြေးဖြေးနားလည် လည်လာလိမ်.မည်
ဝေးသောနေရာ ရောက်သောကာမှ
လွမ်းတတ်လိမ့်မည် ထိုအချိန်မှ
ပြန်တမ်းတနှင့် နှလုံးသားထဲ
အမှတ်တရတွေ ပြည့်နေပေမည်...

 ပြန်ပြောချင်စရာ အမှတ်တရ
ဒဏ်ရာတွေများ မပြည့်သေးခင်
စည်းလုံးညီညွှတ် ရှေ့မှာထားကာ
တစ်ယောက်အပြစ် တယောက်မမြင်
ချစ်ချစ်ခင်ခင် လက်တွဲကြပါ
C.Y.A  ရဲ့ အားမာန်များ...

ဆိုခဲ့ပါရစေ တခွန်းစကား
နားညောင်းပေးပါ လူငယ်များရယ်
အချိန်တွေပေးပါ ဘုရားတွက်လေ
မနှေးကွေးနှင့် လှုပ်ရှားကြပါ
ပျော်ရွှင်ခဲ့ချိန် လူငယ်ပွဲတွေ
ဝေးကြီးဝေးမှ တမ်းတမ်းတတ
တနေပေမယ့် အခွင့်အရေး
ဆိုသောအရာ နှစ်ခါမလာ
လာမည်မဟုတ် မွေးရပ်မြေခြား
ဋ္ဌာနေလေးကို တို့လိုမခွဲ
မခွဲသေးခင် အချိန်တွေပေးဆပ်
ဘုရားတွက်လေ ပေးဆပ်ကြပါ 
သင်ရဲ့ဘဝ နုမျှစ်စဉ်ခါ
အချိန်ခဏလေးမှာ...

                                                 khaipi (st.luke)
Image and video hosting by TinyPic

Friday, August 13, 2010

တောင်းဆု(၂)

0 comments
ပြယ်စေ ပြယ်စေ ပြယ်ပါစေဖြင့်
တောင်းဆုတစ်မျှင် ဆုမွန်ခြွေလို့
ရင်မှာသက်သေ တောင်ဆုခြွေလည်း
ပျက်ပြယ်ဖို့ရယ် မမျှော်လင့်ရဲ
ရင်မှာအောက်မေ့ တမ်းတမိမှာ
စိုးပါသည်....
သြော် ......
အချစ်ဦးရယ် လွမ်းမေ့နာကျင်

21.6.09
6:30 pm

Image and video hosting by TinyPic

Friday, July 23, 2010

တွေဝေချိန်

0 comments
မေ့မှာပါ မေ့မှာပါလို့
ကိုယ်တိုင်ကြိုးစား ရုန်းထကာမှ
သူပြောလိုက်တဲ့ မျှော်လင့်ချက်စကားတစ်ခွန်း..

မချစ်တော့ဘူး မချစ်တော့ဘူးလို့
ကိုယ်တိုင်ကြိုးစား မေ့တတ်ကာမှ
သူ့ကြည့်လိုက်တဲ့ မျှော်လင့်ချက်မျက်ဝန်းတစ်စုံ...

မလွမ်းတတ်တော့ဘူး
မချစ်တတ်တော့ဘူးလို့ မျှော်လင့်ချက်စကား
တုန့်ပြန်မိချိန် သိတော့သိလိုက်ပါတယ်
အေးစက်စက်နှင်းပွင့်တွေနဲ့
လှည့်ကြည့်လို့ လှမ်းအခိုက်
ငါ့နှလုံးသား နှင်းစွတ်သွားပြန်တယ်...

07/22/10
5:35 pm

Image and video hosting by TinyPic

Sunday, July 18, 2010

သစ်အိုပင်ရဲ့မျှော်လင့်တမ်းခြင်း

0 comments
အတူဆုံနေကြ သစ်အိုပင်လေးရဲ့
အရိပ်လေး တစ်နေရာလေးမှာ
မျှော်လင့်ချက်တွေနဲ့ တွေ့ဆုံချိန်တိုင်း
ရင်ခုန်လွမ်းမောခဲ့ကြတဲ့
နေရာလေးရယ်...

သူမရှိတော့ပေမယ် ရင်ခုန်လွမ်းဖော်
သစ်ရွက်လေးတွေ မြေပေါ်ကျတဲ့
အချိန်တွေတိုင်း သစ်အိုပင်ရဲ့
မျှော်လင့်ခြင်းကို ငါသိခဲ့ရပြီ...

သူ့ရင်ထဲ ငါမရှိတော့ပေမယ်
သစ်အိုပင်ရဲ့ ရင်ထဲမှာ
မင်းကိုဘဲတမ်းတလျက်နေ
နေ့ရက်တွေတိုင်း ကိုယ်လွမ်းမောမိတဲ့
နေရာဟောင်းလေးနဲ့ သစ်အိုပင်ရဲ့
မျှော်လင့်ခြင်းကတော့
မင်းရောက်လာမယ့်နေ့ကို
မျှော်လင့်တမ်းခြင်းတစ်ခုအဖြစ်နဲ့
မင်းကိုယ်စား သိမ်းထားခဲ့တယ်...
ိုImage and video hosting by TinyPic

Saturday, June 26, 2010

ရှိပါစေ

1 comments
ကျန်နေသူ ရင်ထဲက
အလွမ်းသံ တဖက်သတ်
ဒဏ်ရာသာ သိပါစေ
သိစေတော့ သိပါစေလို့...

ကဗျာတစ်ပုဒ် ဖွဲ့သီမိ
နူးညံ့ခြင်းလား ကြေကွဲခြင်းလား
လွမ်းမောခြင်းလား ပြန်လာမယ်
ဆိုတဲ့အတွေး ဂတိစကား
ကြားနေယုံသာ....

ဝင်လာဖို့လေ ကြောက်ရွံနေလား
အမှောင်ဘဝ ရင်ခွင်သစ်ထဲ
ကိုယ်ရဲ့ဘဝ သိပါတယ်လေ
အပူမီးဝင်တိုးမိတဲ့ ပိုးဖလံလို
ရှိပါစေတော့ ကိုယ့်ဘဝကိုယ်သာ..

1:15 pm
05.11.2010
Image and video hosting by TinyPic

This Magic Moment

0 comments

                   I never imagined myself as a parent until the moment, twenty four years ago, that my son was born. But then, I never believed in magic either. I knew that my wife wanted children, But I couldn’t quite understand why. She wanted four or five, I seem to remember. I do know that it was a big number- big enough that I didn’t her seriously.

                  Eventually, my wife prevailed and I agreed to try one, like we were considering potato chips. Once the decision was made, I pushed it aside. After all, nothing is certain. One of us could be sterile. If not, it still might take years to conceive. Why borrow trouble? Why, indeed?

                        Talk about miscalculation. It took us no time at all- a couple of months at most from decision to conception. When  my wife become ill in the middle of Das Boot and rushed out of the theater, I experienced a sinking feeling. And it had nothing to do with the fate of the German sub-marine. I guess I slipped into denial after that. Throughout her pregnancy even when fatherhood was imminent, the idea remained far-fetched- at best, abstract. But isn’t magic always that way?

                  My denial notwithstanding, things were different around our place. My wife cast an ever larger and more awkward shadow when she stood outside with the dogs. Early every Saturday morning for weeks, we stumbled off  to Lamaze class, where we dutifully sat on the floor, surrounded by pillows, and breathed together. I silently hoped that I didn’t look as silly as I felt. Every time I checked, there was something new( and miniature) in the spare bedroom. The evidence was piling up, but I was trying hard not to notice.

                          On February 21, 1983, my wife made her final scheduled visit to doctor. He assured her that the baby would arrive in two weeks- right on schedule. Yeah, right. At 5:00 the next morning, my wife awoke with a start. On those rare occasions when I had faced reality, however fleetingly, it always happened this way- late in the night when the fog of sleep was thickest. Even as it downed on me what was happening, I tried to resist. “Okay” I said, “ I’ll start some coffee and call the doctor.” No, I didn’t have it backward. I couldn’t have a baby without caffeine. The doctor told me what I wanted to hear. No rush. Have your coffee, get dressed, and get to the hospital.

                            We left for the hospital by 6:00. It was still dark, and a cold rain was falling. It mad for a gloomy drive, but things could have been much worse. This was February in Iowa. We were lucky it wasn’t snowing. Then I remembered: it was February 22- Washington’s birthday. I wondered out loud that if we had a boy, perhaps we should name him George. I was only teasing, but my wife wasn’t the least bit amused. We had long ago agreed upon David Thomas and Sarah Elizabeth as names and that was that. I was about to protest when I remembered the two words my best man had told me always worked with wives, and I repeated them “yes, dear”.

                           At the hospital, someone whisked my wife off to a room while I stayed behind to check her in. It was early, and the reception area and adjacent waiting room were nearly deserted. As I filled out form after form, each repeating the same questions, I made a mental list of things I needed to do. I couldn’t believe I was thinking so clearly and after a single cup of coffee. I still didn’t get it!

                            By the time I have finished with the forms, my wife was settled into a room upstairs. I hurried up to find that there was no need to hurry. The contractions had just begun and were far apart. I wouldn’t be a father for a while. Things moved slowly through the morning, and I wondered if this wasn’t a false alarm. But misdirection is the magician’s ally. Then in the early afternoon, my wife blood pressure spiked. It was obvious in the way the nurses unceremoniously shooed me a way that they were alarmed. Shortly, the doctor hurried into the room. As I stood helplessly off to the side, a small drama unfolded in the cramped room.

                             The doctor gave my wife a shot to speed things along, and the nurses wheeled her away, with me trailing anxiously behind. A fifth wheel, I though. Inside the delivery room, I stood beside my wife, holding her hand and encouraging her. The birth was over in no time, its quickness startling me after long hours of prelude. I looked up at a clock mounted on the far wall. It was 3:30 and in that precise moment, I became a believer. In magic. A nurse had wrapped our new son in a blanket and passed him to me. Our son! Our. Son. I wanted to prolong the moment, fearing that the magic, like time, was ephemeral. I shouldn’t have worried. I kissed him gently on the forehead. Over the years, I must have repeated that ritual fifty thousand times: when he woke up in the morning, at odd times during the day, and before I tucked him in at night.

                           In the instant, I was transformed so suddenly and so completely that nothing could explain it except magic. This little person I held had been in the world only a precious few minutes, but I already loved him in a way I didn’t know was possible that I could scarcely comprehend. What was that if not magic. There could be no other explanation.
           
                           Twenty-four years later, nothing has happened to change my mind. If anything, I am even more convinced. Our son has grown up and moved away, but the magic remains my constant companion. It’s homesteaded in my heart, you see.

                                                                   
                                                                          Tom Miller

Friday, June 25, 2010

သူ့အတွက်ဆိုရင်

0 comments
ဗလာဟင်းလင်း လွမ်းရင်ခွင်နှင့်
မသိစိတ်ထဲ အသိစိတ်မှာ
တွယ်ငြိနေသော ပင့်ကူတစ်ကောင်လို...

တွယ်တာနှောင်ရစ် အပြုံးများစွာ
အေးစက်စက် မျက်ဝန်းတစ်စုံ
ကြည့်ကာလွမ်းလို့ ပျော်ရွှင်ကြည်နူး
အနာဂတ်များစွာ...

သူ့လက်ကိုတွဲ တူလျှောက်လှမ်းကာ
အတိတ်ချိန်မှ ပစ္စုပ္ပန် 
ပစ္စုပ္ပန်မှ အနာဂတ်တိုင်...

စိတ်ကူးယဉ်စွာ တောင်ပံဖြန်လို့
လွမ်းမောခြင်းနှင့် ဝေးနေရမည့်
ညို့မျက်ဝန်းထံ..

ပင်လယ်ခြားက အလွမ်းတွေနှင့်
အတိတ်ဆိုတာ ရင်ကပွင့်တဲ့ ပန်းလို
ထာဝစဉ် ချိုမြိန်အေးမျှ နိုင်ပါစေ
သူ့အတွက်ဆိုရင်...


သိပါစေ

0 comments
ပင်လယ်ပြာပြာ
ချစ်ကောင်းကင်နှင့်
စိမ်းရက်နွေမိုး ဆောင်းရာသီရယ်...

ပျံသန်းအဝေး ဟိုးအဝေးတိုင်
မျှော်လင့်နေဆဲ မျက်ဝန်းတစ်စုံ
အတိတ်ဟောင်းနှင့် ပစ္စုပ္ပန်များ 
အနာဂတ်များစွာ...

ယုံကြည်နေပါ နေ့ရက်ချိန်တိုင်း
သိပ်ချစ်လွန်းလို့ မခွဲနိုင်တာ
ကိုယ့်တစ်ယောက်တည်း...

 Second Two

Friday, June 18, 2010

အဖေ့တမ်းချင်း

0 comments
အဖေ...
သူများပြောတော့
လောကကြီးက
ကြောက်စရာကြီးတဲ့...

အဖေ...
တချို့ကလည်း
ဆိုကြပြန်တယ်
ဆင်းရဲဒုက္ခ ပြည့်နေတယ်တဲ့...

အဖေ...
တချို့ကလည်း
ကိုယ်ချင်းစာတရား
ကင်းမဲ့တယ်တဲ့.....

အဖေ..
တချိုကလည်း
တယ်.................တဲ့
တယ်.................တဲ့
တယ်................တဲ့

အဖေ..
သူများတွေ ဘယ်လိုပြောပြော
ဘယ်လိုဆိုဆို ကျွန်တော့်အတွက်တော့
အဖေ့အမွေလေးကြောင့်
အရာအားလုံးက လှပနေဆဲပါ
ဘဝတစ်လျှောက်လုံးပေါ့...
အဖေ ထားရစ်ခဲ့တဲ့အမွေ
အကောင်းမြင်စိတ်ဓာတ်
တစ်ခုလေးသာ...




11:50 am
14.06.2010

Monday, June 7, 2010

မရှိခဲ့လျှင်

0 comments
လမ်းခွဲနှုတ်ဆက် ကြွေမျက်ရည်တွေ
ခံစားပေးသော နှလုံးသား
ငါ၌မရှိခဲ့လျှင်...

ဆွဲငင်နှောင်ရစ် အလွမ်းပွင့်များ
သူ့မျက်ဝန်းထံ လွင့်ကြွေတတ်သော
နှလုံးသား ငါ၌မရှိခဲ့လျှင်....

ပူဆွေးသောက အလွမ်းမီးများ
ဟုန်းဟုန်းတောက်လို့ လွမ်းတတ်သော
နှလုံးသား ငါ၌မရှိခဲ့လျှင်...

ညိုမျက်ဝန်းနှင့် ကြင်နာအကြည့်
မျှော်လင့်ချက် နှောင်ကြိုး
သူမပေးခဲ့လျှင် ရင်မှာပို၍ကျေနပ်မည်
ထားခဲ့ရက်သော
သူနှလုံးသားထက်စာရင်...

Second Two
7.July.2009

Friday, June 4, 2010

ခယောင်းလမ်းမှခြေရာများ

0 comments
ယောင်းလမ်းထက် ခြေရာများစွာ
ပေးဆပ်ခြင်းဆိုတဲ့ ဘဝရဲ့အဓိပယ်
သူတို့အတွက်လား....

ရယူခြင်းမရှိ ပေးဆပ်ခြင်းသာ
တစ်သက်တာလုံး အန္တရာယ်လှိုင်းဒဏ်တွေကြား
ရင်ဆိုင်ကျော်လို့
ဝိညာဉ်မျိုးစေ့အတွက်သာ...

သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ခွင့်
တမ်းတသူတွေ လူတွေကြားထဲ
ဘဝတစ်ခုလုံး အရာရာကိုပေးဆပ်
ရွေးကောက်ခံ ပန်းပွင့်လေးတွေ
ခယောင်းလမ်းမှ နှင်းဆီလမ်းသို့
လျှောက်လှမ်းနိုင်ကြပါစေ....

Second Two

Thursday, June 3, 2010

စိမ်း

0 comments
ဝိုးတဝါးထင်မိ အတွေးပုံရိပ်တွေ
နှလုံးသားမှာ သွေးပျက်ဝမ်းလွယ်
ခါးသီးလှလည်း မငြင်းသာတဲ့
ခြေလှမ်းနှစ်စုံ လမ်းခွဲရပြီမို့
မငြင်းရယ်သာ အချစ်ရယ်နဲ့
ရင်ခွင်မှာ တမင်စိမ်းပါလို့
လွမ်းမောကာ ဝေးသွားရကာမှ
ပန်းချုံကြား လွမ်းစကားချွဲစဉ်က
ခေါင်းငြိမ့်မတတ် ချစ်ခဲ့တဲ့
မေရယ်.....
မင်းကစိမ်း...

Second Two
  12;00 pm
28.3.07

Wednesday, June 2, 2010

လရိပ်ပြာတမ်းချင်း( ၁ )

0 comments
ဘဝအဖော်အဖြစ်
ခဏအပျော်ချစ်ခဲ့တာမဟုတ်ပါ
မာနတရားတွေ ကိုယ့်အမှားပေါ့
ပြောစမ်းရင်မှာ မင်းကြိုက်သလို...

ရင်ကအချစ် အရှုံးထားပါ
သိပါတယ်လေ ဒီဘဝတော့
နှလုံးသားမှာထင်ကျန်သူ့အရိပ်သာ...

မမျှော်လင့်ရဲပါဘူး
မျှော်လင့်ရင်မျှော်သူအမှားရယ်လို့
ဝေဒနာတွေထပ်တိုးကာ
အချစ်ရယ်ခံစားပေးမှာလား
ဟိုး....တမြေဆီက
အလွမ်းတွေကို.....

ထားလိုက်ပါတော့
ဒီရင်ထဲမှာ
ဖွင့်မပြောရက်ပါဘူး
မရှိမဲ့ရှိမဲ့အားတွေပေါင်းကာလို့
အချစ်ရယ် ဖွင့်ပြောပါရစေလား
ရင်မှာ ကြွေကာပြုန်း....

Second Two

Saturday, May 29, 2010

ချစ်ပြစေချင်တယ်

0 comments
မေ့ချင်ပေမယ့်
တစ်ခါတလေတော့လည်း
သတိရမိတတ်ပါသည်....

မလွမ်းချင်ပေမယ့်
တစ်ခါတလေတော့လည်း
လွမ်းမျက်ရည်ဝဲမိပြန်ပါသည်...

မချစ်တတ်ချင်တော့ပေမယ့်
တစ်ခါတလေတော့လည်း
အချစ်တစ်ခုကို ရှာဖွေမိပြန်ပါသည်..
နင်ဘယ်မှာလဲ
ရှာလိုနေဆဲ...
ရှာလိုနေဆဲ...
ရှာလိုနေဆဲ...
မတွေ့တဲ့အဆုံး
ငါ့ကို ......
ဟန်ဆောင်အချစ်နဲ့ချစ်ပြပါ
ဒါမှ နင်ထားခဲ့တဲ့ ဒဏ်ရာတွေကို
မေ့ပျောက်နိုင်မယ်လေး.....

Second Two
5:00 Pm
05.28.10

မေ့လိုက်ချင်တယ်

1 comments
အချစ်ရယ်...
ပုန်းရှောင်ခြင်းဆိုတဲ့
အတ္တစကားလုံးကို
ဘယ်လိုရင်ဆိုင်ရမှာလဲ...

အချစ်ရယ်...
လွမ်းမောခြင်းဆိုတဲ့
ဝေဒနာစကားလုံးကို
ဘယ်လိုရင်ဆိုင်ရမှယလဲ...

အချစ်ရယ်...
ပေးဆပ်ခြင်းဆိုတဲ့
အချစ်ရဲ့ လက္ခဏာကိုရော
ဘယ်လိုရင်ဆိုင်ရမှာလဲ..

အချစ်ရယ်...
သေချာတာတစ်ခုကတော့
ငါ့ကိုသင်ပေးပါ...
နင်ထားခဲ့သမျှ အမှတ်တရတွေ
မေ့တတ်အောင်လို့...

Second Two
4:57 pm
05.28.10

Friday, May 21, 2010

ဇင်သန့်

0 comments
စာအုပ်အမည်=စာဖတ်ခြင်း
ရေးသူ=ဇင်သန့်

download link
mediafire

ဝေး...ဝေး....ဝေး....

0 comments
ပြိုလိုတောင်ယောင်
အချစ်ကမ်းဆီ တိမ်းပါလားလို့
မြရိပ်ညိုကြာပွင့်ထက်က
အချစ်ရယ် ဆင်းသက်ခဲ့မလား...

မာနတရားတွေ
ပြေကာလျှော့လို့
ဝင်လာရဲလား ကိုယ့်ရဲ့ရင်ထဲ
အချစ်တွေဘယ်ဆီ သိမ်းပါလို့
ချစ်ပါတယ် ဖွင့်မပြောရက်နိုင်ဘူး
သိပါစေ သူသိစေရယ်လို့
ဖွင့်ပြောကာရင်ဖွင့်မိကာမှ
အချစ်ရယ် တနယ်ဆီဝေး...

SECOND TWO
1;32 AM
05/16/10

မေ့မှာစိုး

0 comments
ပူတယ် ပူတယ်
အသည်းထဲမှာ
အချစ်ဆိုတာ
အပူလားကွယ်…
သိပါ့မလားသူ့အသည်းမှာ
လွမ်းမိလွမ်းရာ
လွမ်းအောက်မေ့ရာ နေရာတွေကို
မြင်ကာယောင်လို့
မှတ်မိပါ့မလား တချိန်ချိန်ကို
အချစ်ရယ် မေ့ကာပျောက်သွားမလား
လွမ်းရင်း မေ့မှာစိုး…
Second Two
1;39 am
16.5.10

Thursday, April 29, 2010

အိမ်မက်ည အတွေး

0 comments
လွမ်းသာတဲ့ အလွမ်းရယ်နဲ့
ပင်ထက်ပန်းကိုမှ ခူးဆွတ်လို့ပန်ချင်သူ
ကိုယ့်ရဲ့အတ္တ မာနတရားတွေ
မေနဲ့တွေ့မှ ပြေလျော့ကျရ
ကိုယ့်ရဲ့ဘဝ စိုးပိုင်သူ....

တစ်ရံတည နိုးအိမ်မက်စဉ်
စိတ်ကူထွေပြား အသစ်တစ်ယောက်နဲ့
မေ ပျော်နေမှာလား
ဆိုတဲ့အတွေး ညတိုင်းဝင်မိ
အိပ်မက်ထဲတိုင် နှိပ်စက်သူမေ...

ပြောပြချင်တယ် မေသိပါလေ
ညညတိုင်းမှာ နိုးတဝက်အိပ်မက်
ဖိတ်စဉ်တိုင်းလည်း မေမှလွဲ၍
နှစ်ခါအချစ် မချစ်နိုင်ပါ
မေမှမေပါ ကိုယ့်တစ်ယောက်တည်း
ယောင်တမ်းအော်မိ တရေးနိုးအိပ်မက်
ခြောက်လှန့်စဉ်တိုင်း နှစ်ခါပြန်မအိပ်
မိုးလင်းအထိ မေ့အကြောင်းတွေး
စိုးရိမ်နေတတ်သူပါ...

               28.3.07
            SECOND TWO
             11.50 PM

Friday, March 19, 2010

James Blunt- All The Lost Souls

0 comments

1973
One Of  The Brightest Star
I'll Take Everything
Same Mistake
Carry You Home
Give Me Some Love
I Really Love You
Shine On
Annie
I Can't Hear The Music
download link
mediafire
Bonus သီချင်းများကိုလည်းတင်ပေးလိုက်ပါတယ်
အပိုဒ် 20.. ကျန်တဲ့သီချင်းနာမည်တွေတော့ မသိတာတွေများတယ်ဆိုတော့ မရေးပေးတော့ဘူး..

Lady Antebellum-Need You Now

0 comments

NEED YOU KNOW
OUR KIND OF LOVE
AMERICAN HONEY
HELLO WORLD
PERFECT DAY
LOVE THIS PAIN
WHEN YOU GOT A GOOD THING
STARS TONIGHT
IF I KNEW THEN
SOMETHING ABOUT A WOMAN
READY TO LOVE AGIAIN
DOWNLOAD LINK
MEDIAFIRE

အနဂ္ဂအိမ်တော်

0 comments
Myanmar Gospel Album အဟောင်း
လိုချင်သူများ
download link
mediafire

ကြိုနေမယ်

0 comments
Myanmar Gospel  Album အဟောင်း
လိုချင်သူများ
download link
mediafire

ကိုးစားမျှော်ကြည့်ရာ

0 comments
Myanmar Gospel Album အဟောင်း...
လိုချင်သူများ
download link
mediafire

Thursday, March 18, 2010

အမှတ်တရ ဒဏ်ရာများ

0 comments
စိတ်ကူးထွေပြား အတွေးလေးတွေ
ဟိုးအတိတ်ဟောင်း ပျော်၇ွှင်ချိန်များ
ပြန်စဉ်းစားလို့ ရင်မှာလိုက်ဖိုဆဲ.....

ရင်ကဒဏ်ရာ စဉ်မြဲနှိပ်စက်
နှစ်ပေါင်းကြာရှည် ရှည်ကြာခဲ့ပြီ
ထိန်းချုပ်နိုင်စွမ်း မေ့နိုင်ဖို့ရယ်
ကိုယ်တိုင်ကြိုးလို့ မေ့နိုင်ဖို့လေ 
မြဲစဉ်အမြဲ  ကြိုးစားမိတယ်.........
                               
မေ့ချင်သော်ငြား အမေ့ခက်တဲ့
တို့လူငယ်ပွဲ အမှတ်တရ
အမှတ်တရတွေ ရင်မှာလောင်ကျွမ်း
ဟိုးဝေးရောက်မှ ပါဝင်ခဲ့ချင်
လက်တွဲချင်လည်း စိတ်ကူးအတွေး
အိပ်မက်သာဖြစ် အိပ်မက်ထဲတွင်
ပျောက်ဆုံး၇၏
နောင်လာနောက်သား လူငယ်တွေများ
သိစမ်းစေချင်   ဟိုးအဝေးရောက်
လူငယ်တစ်ဦး၏ ရင်တွင်းဖြစ်......

မွေးရပ်မြေကို ဝေးကာစွန့်လို့
ခွဲရသော်လည်း အိပ်မက်ထဲကအိပ်မက်
စိတ်ကူးထဲက စိတ်ကူးတွေနဲ့
လူငယ်ဘဝ လှုပ်ရှားချိန်တွေ
ပါဝင်ခွင့်ရခဲ့ရင်ဖြင့် မွေးရပ်မြေကို
တခေါက်ပြန်လို့ တို့လူငယ်တွေ
ဆုံဆည်းစို့ရယ် အောင်မြင်တဲ့ခြေလှမ်း
တူယှဉ်တွဲကာ အိပ်မက်တွေရယ်
ဖော်ထုတ်ကြမယ် C.Y.A ရဲ့အားမာန်များ...

သို့ပေမယ့်လည်း စိတ်ကူးချိုတွေ
အိပ်မက်ထဲကအိပ်မက် စိတ်ကူးထဲကစိတ်ကူးသာပင်
မွေးရပ်မြေခြား ရောက်နေသောငါ့အား
ဘယ်သူပို့ဆောင်ပေးလိမ့်မလဲ.....
 

ဟိုးအတိတ်ဟောင်း
ဆုံဆည်းခဲ့ချိန် တူယှဉ်တွဲလို့
လှုပ်ရှားခဲ့ချိန် ပြန်လည်တွေးရင်း
ဘယ်သူ.မှမသိခဲ့သော လူငယ်တစ်ဦးရဲ့
ရင်ထဲက အမှတ်တရ
ဒဏ်ရာတွေများ...

SECOND TWO
1:50 am
13.4.09

တို့လူငယ်ပွဲ

0 comments
ခဏတလေ
အချိန်တွေများမှာ
နောက်ကျပြောင်ကျ
စိတ်ဆိုးခဏ
ပျော်ရွှင်လိုက်ကြ
ပြန်ချစ်ကြနှင့်
လှုပ်ရှားခဲ့ချိန်
လက်တွဲချိန်တွေ
ပျော်ရွှင်မိခဲ့
နိဗ္ဗာန်ခဏ
နေခဲ့ရသလို…
ဝေးမယ်ဝေးတော့
ကွာကြီးကွာလှမ်း
တသွေးတမြေ
ပင်လယ်တွေဝေး
ကိုယ့်ရဲ့စိတ်တွေ
ဖြေသိမ့်ဖို့ရယ်
မလွယ်ကူတော့
တနေ့တချိန်
ပြန်လာခဲ့မည်
သုံးနှစ်တစ်ကြိမ်
ကျင်းပနေမည့်
လူငယ်ပွဲတော်ဆီ…
SECOND
TWO
18.4.09
( 3;50 AM )

Tuesday, March 16, 2010

ဆောင်းအိပ်မက်

1 comments
တကယ့်တကယ်
တွေးစမ်းကြည့်တော့
မဟောင်းတဲ့အိပ်မက်
ညတွေများမှာ
အတွေးစိတ်က
လွမ်းရိပ်မောလာ
ဒီအချိန်ရောက်မှ
တမ်းတ မိတယ်...

ဘဝတွေခြား
ခြားခဲ့ရပြီမို့
မဖြစ်နိုင်တဲ့
ဘဝနှစ်ခု
ဆုံဆည်းဖို့ရာ
ဆောင်းအိပ်မက်ရယ်
နွေတလှည့်ပြန်လို့
ကွယ်ပျောက်လှည့်ပါ...

3.1.08
3;44 am
second two

တမ်းတ

0 comments
အချစ်ဆုံးသူအတွက်
အနမ်းပွင့်တွေလည်း
ချန်ထားတယ်....

အလွမ်းဆုံးသူအတွက်
အလွမ်းပွင့်တွေလည်း
ချန်ထားတယ်...

တကယ့်တကယ်
ပြောမှသိလား သိမှာလားလို့
မေးချင်စမ်းတယ်...
ဝေးကွာခြင်းဆိုတဲ့အသိ
နီးစပ်ချင်းဆိုတဲ့အတွေး
တွေးမိလေတိုင်း လွမ်းမောခြင်းတို့
ဝေးကာပြုံးပြ ဒီအချိန်ရောက်မှ
တမ်းတ တတ်ခဲ့ပြီ....

1.10.08
3း00 pm
SECOND TWO

Sunday, March 14, 2010

သောကခြေရာ(၁)

0 comments
သခင်
မြင်စမ်းတော့လေ
နေဆယ်စင်းကို တင်တွင်းလှောင်ပိတ်
သော့ချိတ်ဆွဲခတ် လှပ်မပြသာ...

ကြင်နာနှောင်ရစ် ချစ်သတဲ့လား
စကားဒီလို ဆိုတတ်သည့်ငှက်
ပြေးထွက်လေမှ သည်ဘဝတော့
နှုတ်အပြီပဲ အသည်းသာရှိ
အလွမ်းချည်းကျန်....

အစဉ်...
တင်ထဲပတ္တမြား အလွမ်းကြားနစ်
နှစ်ရှည်လကြာ ရာသီသာပြောင်း
ဟောင်းမယ်လို့များ ထင်သလားလေ
သောကခြေရာ ဝေဒနာပင်
ရှင်မြဲရှင်နေ
သခင်ကြည့်လှည့်မြင်တော်မူ....

                            မောင်စိန်ဝင်း (ပုတီးကုန်း)

Friday, January 22, 2010

ကိုယ့်ခရီး ကိုယ့်လှေ

0 comments
မိုးထဲရေထဲ ဘဝလှေတစ်စင်း
ရွက်မဲ့တက်မဲ့ လက်နဲ့လှော်ခတ်
ဘဝပင်လယ် ကူးစဉ်အခိုက်
မုန်တိုင်းတိုက်ခတ် ရင်ထိတ်၏....

ဝေ့ဝိုက်လှေဦး နောက်ပြန်လှည့်ကာ
တစ်ခါတစ်ခါ လှေဝမ်းမှောက်လို့
ပြောင်းပြန်လှန်...
တစ်ခါတစ်ခါ လှေဝမ်းပေါက်လို့
မှောက်ချင်မှောက်မည်....

ညည့်နက်နက် အမှောင်ထဲမှာ
ဒိုက်သရောလား ကျောက်ဆောင်ပဲလား
ဝေခွဲမတတ် မှောင်ကာအတိ
တိကာဖုံးလို့ ပင်ပန်းမူဒဏ်
ကြုံတွေ့ခဲ့လျှင် မေမညည်းနဲ့
ခရီးကြမ်းလို့ မောချင်မောမည်...
ယုံကြည်ခြင်းနဲ့ ရှေ့လျှောက်လို့ရယ်
သစ္စာတရား တည်ကာမြဲလို့
နားလည်ချစ်ကြင် ကြင်နာနှစ်ဦး
ကျောချင်းကပ်လို့ ကြုံလာသမျှ
လှော်ခတ်ချီတက် ခရီးသွားဖော်
တီးတိုးဖော်နှင့် အားတွေတက်မည်....
ကိုယ့်ခရီးနှင့် ကိုယ့်ဘဝလှေ
မေအမြင်ဘဲ လိုက်ရဲမှတက်
ပင်သက်ရိုက်မှာ လက်ကိုတွဲလို့
ကိုယ်ဘဝလှေ ကမ်းကထွက်မည်....

     Second Two;;;
   4း9း09
   10 ;;00 pm

Friday, January 15, 2010

ငွေရာသီ

0 comments
[1]
ငွေရာသီ
မိုးမြင့်အောင်
အားလုံးနည်းအမျိုးမျိုးနဲ့ ယူနေကြတဲ့အထဲမှာ ကိုယ်လည်းကျန်မနေခဲ့ဖို့ အတွက်
အမေရိကန်ရောက်မြန်မာ အလုပ်သမားများကို ငွေယူပုံနည်းများကို စံနစ်တကျလေးဖြစ်အောင်
သိသလောက်ကို အပိုင်းခွဲပြီး ဖော်ပြသွားပါမယ်။
လာတော့မဲ့ ၆ပတ်ဟာ
အမေရိကန်မှာ လုပ်ထားသမျှ၊
ရထားသမျှ၊ အစိုးရကို
ပေးဆောင်ထားသမျှ အခွန်ငွေများကို၊
ပြန်လည်ရရှိဖို့ 
၁နှစ်ကျော်ကြာစောင့်လာခဲ့ရတဲ့
မြန်မာများအဖို့ 
မျှော်လင့်ချက်တွေတဖွားဖွား
လောဘတွေ
အားကျမခံအပြိုင်တတ်ကြတော့မယ့်
ကာလတခုဆိုလည်းမမှားပါ။
တယောက်နဲ့ တယောက်စုံစမ်းကြမယ်
ပြီးခဲ့နှစ်ကဆောင်ထားတဲ့
အခွန်ဘယ်လောက်ပြန်ရသလဲ၊
ကလေးဘယ်နှစ်ယောက်ထည့်
ကလိန်းလည်း၊ အေးဟယ်..ဒီနှစ်တော့
ငါရော ငါ့ယောက်ျားပါ အလုပ်
လုပ်တော့ ကလေး ၁ယောက်
တည်းနဲ့ ကလိန်းရင် ပြန်မှရပါ့မလား
မသိဘူး...အစရှိသဖြင့်ပေါ့လေ.....
[2]
တချို့ ကျပြန်တော့လည်း ၁နှစ်လုံး အလုပ်မလုပ်ရလို့ ၊
နှစ်အကုန်မှာ သူများတွေရဖို့ ငွေတွက်နေချိန်မှာ
အကြံမရဖြစ်နေကြသူများလည်းရှိသည်။
မြန်မာအများစုအဖို့ ဒီရာသီမှာ ပြန်ပေးရဖို့ ထက်၊ ပြန်ရဖို့ 
အတွက်ခြေချင်းလိမ်နေကြသည်။ ဘယ်သူ့ ဆီကို
(Tax Preparer)သွားရင် ငွေပိုရမယ်၊ ဘယ်သူ့ ဆီကိုသွား
ရင်တော့ ငွေတော့ပိုပေးရတယ်၊ ဒါပေမဲ့ အများကြီးပြန်ရ
တယ်၊ သိသလောက်မှတ်သလောက်လေးတွေန့ဲများများ
ပြန်ရမဲ့နည်းလမ်းတွေကို စုံစမ်းကြသည်။ နောက်ဆုံး
အကြံကုန်တော့ မောင်ထုံ အချုပ်ရောက်ကြဆိုသလို
ဒုက္ခတွေတပျော်ကြီးနှင့် အစိုးရက လျော်ကြေးပြန်
တောင်းတာခံကြရ၊ ၂နှစ်က ၅နှစ်အထိ အခွန်ဆောင်ငွေ
ပြန်ရခြင်း အပိတ်ခံကြရတဲ့ အဖြစ်မျိုးကိုလည်း ဒီရာသီမှာ
ဒုနဲ့ ဒေးတွေ့ ရတာအမော။
သူ့ ကလေးတွေကို ငါ့ထဲမှာယူကလိန်း၊ ငါ့ကလေး
တွေကို သူ့ အထဲမှာ ပေးကလိန်း၊ ကလေးမှောင်ခို
အရောင်အဝယ်များ၊ ထိုင်းတို့ ၊ မလေးရှားတို့ ကိုကျော်ပြီး
အမေရိကန်မှာလာရောက်အလုပ်ဖြစ်တဲ့ ရာသီလည်း
ဖြစ်သည်။ အများစုက အင်္ဂလိပ်စာမတတ်၊အင်္ဂလိပ်စကား
မတတ်၊ ပညာရေးနဲ့ အလှမ်းဝေး၊ လေ့လာမှုနဲ့ အလှမ်း
ဝေး၊ ရရာအလုပ်လုပ်ကြရသူများဆိုတော့လည်း၊ ဥပဒေ
တွေ၊ တရားဝင်တာ မဝင်တာတွေဘာမှမစဉ်းစားအား၊
လောလောဆယ်များများပြန်ရဖို့ ၊ ရတဲ့ငွေနဲ့ စက်နှိုးရင်
အချိန်မရွေး မောင်းထွက်ပြီး အလုပ်သွားလို့ ရတဲ့ကား
ဝယ်ဖို့ ၊ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိဘ၊ ညီအကိုမောင်နှမ
တွေကို အကူငွေလေးထည့်ဖို့ အတွက် လာမဲ့ဘေးကိုပြေး
တွေ့ ကြသူများလည်းရှိသည်။
အဆန်းကြီးတော့လည်းမဟုတ်ပါ။ အလကားရမဲ့
ငွေ၊ ရမဲ့ငွေကလည်းကျပ်ငွေဟုတ်.. ဒေါ်လာ..၊
ဒီလိုမရှိဆင်းရဲသားတွေပဲ ဒီရောဂါဖြစ်တာ လားဆို တော့
အဲ့လိုလည်းမဟုတ်ပါ။
အမေရိကန်မှာအကြီးအကျယ်ချမ်းသာကြတဲ့
ဘဏ်သူဌေးများ၊ လုပ်ငန်းပိုင်ရှင်ကြီးများ၊ ကုမ္မဏီအရာရှိ
ကြီးများတွေလည်း ဒီလိုပဲဖြစ်ကြသည်။
တကယ့်ထိတ်ထိတ်ကြဲ
စာရင်းကိုင်ပညာရှင်များကိုနှစ်စဉ်ဒေါ်လာသိန်းနဲ့ ချီပြီး၊
မပေးသင့်တာတွေကို ပြန်ရအောင်၊နည်းနည်းပေးရမဲ့ဟာ
တွေကိုလျော်ပြစ်အောင်၊ များများပေးရမဲ့ ဟာတွေကို
နည်းနည်းပဲပေးရအောင်၊ လုံးဝမပေးရအောင်
အတွက်နည်းလမ်းပေါင်းစုံအသုံးပြုပြီးလုပ်ဆောင်ဖို့ ငှား
ရမ်းကြရတာပဲမဟုတ်လား။ ဒီလို သိတတ်နားလည်သူ
များကို ငှားရမ်းလုပ်နိုင်ကြသူများတောင်အစား မတော်
တလုတ်ဆိုသလို ခြေချော်လဲကျရသေးရင် မရှိဆင်းရဲ
သားမြန်မာများအဖို့ အခုလိုပြဿနာတွေဖြစ်ကြတာကို
ခွှင့်လွှတ်လို့ တော့ရသည်။
သို့ သော်အကောင်းဆုံးက တရားဥပဒေနည်း
လမ်းတကျလုပ်ဆောင်နိုင်ရင်၊ လုပ်ဆောင်တတ်ရင်
တော့လည်းအကောင်းဆုံးဖြစ်သည်။ စည်းမျဉ်းစည်း
ကမ်းလေးတွေကိုနားလည်ထားမယ်၊ စည်းမျဉ်းစည်း
ကမ်းလေးတွေတည်းကပဲ ကိုယ်မဆုံးရှုံးသင့်တဲ့ အခွင့်
အလမ်းတွေမဆုံးရှုံးအောင်၊ ရသင့်ရထိုက်တာတွေကို
အပြည့်ရအောင်လုပ်မယ်ဆိုရင်ပဲ ဒီနှစ်ငွေရာသီမှာ
အိမ်ထောင်သည်မြန်မာတွေပြန်ရမဲ့ ငွေဟာမနည်းပါဘူး။
အဓိကမသိမဖြစ်သိထားရမဲ့အချက်၂ချက်ရှိပါတယ်...
Deduction ကိုယ်ပေးဆောင်ရမဲ့ အခွန်ငွေပမာဏ
Taxable income ကိုလျော့ နည်းသွားစေတဲ့
ပေးဆောင်ရမဲ့အခွန်ငွေထဲကနှုတ်ယူနိုင်တဲ့ သုံးစွဲခွင့်ရှိ
တဲ့အရာတွေကဘာတွေလည်းဆိုတာနဲ့ ၊
ပြန်လည်ရရှိမဲ့ငွေ Tax Credit ဘယ်လိုကွာခြားသလဲဆို
[3]
တာလောက်ကိုသိရှိထားမယ်ဆိုရင်ပဲ
အလုပ်ဖြစ်သည်။
ဥပမာအားဖြင့်...
Child Tax Credit (ကလေးရှိတဲ့
မိဘတွေကို ၁ ယောက်ကို
၁ထောင်နှုန်းနဲ့ ပေးတဲ့ငွေ)၊
Earned Income Credit [EIC}
(အလုပ်ဝင်ငွေနည်းနည်းပဲရရှိတဲ့သူ
များကိုအစိုးရကပြန်လည်ကူညီတဲ့ငွေ၊
အမြင့်ဆုံး
ဒေါ်လာ၂၀၀၀ကျော်ရရှိမှာဖြစ်ပါတယ်)
နဲ့ ...
Child & Dependent Care Credit
ကလေးနဲ့ 
မှီခိုသူများအတွက်ကုန်ကျစားရိတ်အ
တွက် ကူညီပေးတဲ့ငွေ)
Education Credits-HOPE
Credits
ပညာရေးအတွအကူအညီအထောက်
အပံ့ပေးတဲ့ငွေ၊
Education Credits- Lifetime
Learning Credit (LLC)
(မိမိလက်ရှိလုပ်နေတဲ့အလုပ်အတွက်
လိုအပ်တဲ့ အတတ်ပညာနဲ့ အရည်အ
ချင်းတိုးမြင့်ဖို့ အတွက် ကျောင်းတတ်
လို့ ကုန်ကျတဲ့ငွေ)
Adoption Credit
(ကလေးမွေးစားလို့ ကုန်ကျတဲ့ငွေ)
Residential Energy Tax Credits
(စွမ်းအင်ချွေတာအောင်သုံးစွဲရင်ပြန်
လည်ရရှိမဲ့ငွေ...)တို့ 
အသုံးပြုပုံခြင်းမတူပါဘူး။
တခုချင်းဆီမှာဆောင်ရန် ရှောင်ရန်
တွေရှိသလို၊ အကန့် အသတ်တွေ
လည်းအများကြီးရှိပါတယ်။
အခုရှင်းပြတဲ့နေရာကအဆင့်
အများကြီးကျော်သွားပါပြီ။ အခွန်ငွေ
များများပြန်လည်ရရှိဖို့ ဘယ်လိုလုပ်
ရမလဲဆိုတဲ့နည်းလမ်းနဲ့ စည်းကမ်း
တွေကို အမှတ်စဉ်ထိုးပြီး ရှင်းပြတာ
ထက် စာရေးနေတာက ပိုများနေတဲ့
အတွက် နောက်အပတ်မှပဲ ဘယ်လို
လုပ်ရမလဲ၊ ဘာတွေလိုလဲ၊ စည်းကမ်း
နဲ့ နည်းလမ်းတွေ၊ ဆောင်ရရှောင်ရန်
တွေကို အသေးစိတ်ဆက်လက်ဖော်
ပြသွားပါ့မယ်။
လေးစားလျက်

Tuesday, January 12, 2010

နားခိုရာ

0 comments
ခရစ်ယာန်ဓမ္မတေးစီးရီးလေးပါ
လိုချင်သူများအတွက် download လုပ်ရန်..
download link
mediafire

Sunday, January 10, 2010

မင်းကိုချစ်သည်..

0 comments
စိတ်ကူးယဉ်စွာ ငေးမောလှမ်းကြည့်
လှုပ်ရှားတတ်သော အရာမှန်သမျှ
ရင်ခုန်တတ်ခဲ့စဉ်က...

ခုနေချိန်များ အတွေးလေးတွေ
ရေစုန်မျှောလို့ ဘဝလမ်းခရီးတွေ
တစ်ယောက်တည်း လျှောက်ခဲ့ရပြီ...

သူမသိခဲ့သော အရာတစ်ခု
ထိန်ချန်ဝပ်လို့ ပင်လယ်ခြားမှာ
ဖွင့်ဟဖို့လည်း အချိန်နှောင်းနှင့်
စိတ်ကးအိပ်မက် အတွေးလေးတွေ
သဲထဲရေသွန် သွန်ခဲ့ရသလို...
ဆွဲငင်အားနှင့် ကိုယ်ဘဝတစ်ခုလုံး
သူ့အပြုံးမှာ လဲပြိုကျကာ
မျှော်လင့်ချက်တွေ ခံစားတတ်ခဲ့ပြီ
လက်ကိုတွဲလို့ လျှောက်လှမ်းချင်သည်
မင်းကို ကိုယ်ချစ်သည်...
Second Two
6.8.09
8;33 am
Composed at the airport of Japan..

Friday, January 8, 2010

မင်းရဲ့လက်ထဲ...

0 comments
တကယ်နီးချင်ပေမယ့်
ဘဝလေးတွေ ဝေးနေရပြီလေ
မခေါ်သာအတွေ့ခက်
နေ့လရက်ရှည်....

လွမ်းသစ်တို့တဝေဝေ
လွမ်းဟောင်းတို့ ရက်တာရှည်
အသက်တစ်မျှ ချစ်ခဲ့ပါရဲ့
မုန်းတတ်အောင်လေ မကြိုးစားရဲသူမို့
လွမ်းတတ်သူကိုယ်နှလုံးသားလေးမှာလည်း
လွမ်းမေ့သူ လွမ်းနေတတ်အောင်လို့
ချစ်သူရယ် လွမ်းအောက်မေ့မည်လား
အထီးကျန် ကမ္ဘာငယ်နဲ့
မရေရာပြန် အနာဂတ်များစွာက
အချစ်ရယ် မင်းရဲ့လက်ထဲ...

Second Two
13.8.09
5;30 pm

Tuesday, January 5, 2010

တိတ်တိတ်ပုန်း ဟာသ

0 comments
(၁) ကိုယ်ချင်းစာတဲ့ တိတ်တိတ်ပုန်း

မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။

"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"

မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။

"မလှုပ်နဲ့နော်... ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ"

အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့ ဘာလဲလို့မေးတယ်။ မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့ "အော်... ရုပ်တုပါ။ မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်" လို့ဖြေတယ်။

အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။ ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက မီးဖိုထဲထသွားခဲ့တယ်။ မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။ အိမ်ရှင်ယောက်ျားက ရုပ်တုရှေ့မှာရပ်ပြီး "ရော့... အစာနည်းနည်းစားလိုက်အုန်း၊ ငါ့လိုမဖြစ်စေနဲ့... ငါတုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်"

(၂) လိပ်ပြာမလုံတဲ့ တိတ်တိတ်ပုန်း

ဒီလင်မယားနှစ်ယောက်စလုံး နောက်မီးလင်းကြတယ်။ ယောက်ျားက ည ည အကြောင်းပြပြီး အပြင်ထွက်တယ်။ ဒါပေမယ့် တစ်ညမှာ လင်းမယားနှစ်ယောက်စလုံး ဆုံကြပြီး ကိုယ်လုပ်တဲ့အပြစ်အတွက် နေမသိထိုင်မသာ ဖြစ်နေကြတယ်။ နှစ်ဦးသား ညအိပ်ရာဝင်ပြီး မနက်မိုးလင်းခါနီးအရောက်မှာ မိန်းမဖြစ်သူက ရုတ်တရက် ထထိုင်ပြီးယောင်တယ်။

"ဒုက္ခပဲ.. ဒုက္ခပဲ... ကျွန်မယောက်ျားပြန်လာပြီ"

မိန်းမအော်သံလည်းကြားရော ယောက်ျားဖြစ်သူက သူ့အဝတ်အစားတွေ ကပျာကယာယူပြီး ပြတင်းပေါက်ကနေ ထွက်ပြေးသွားခဲ့တယ်။

သော့လေးတစ်ချောင်း

0 comments

သူဟာ မိသားစုအပေါ် သံယောဇဉ်ကြီးတဲ့ လူတစ်ယောက်ပါ။ လက်ထပ်ပြီးနောက်
သူကြိုက်နှစ်သက်တဲ့ အလုပ်ကို လုပ်စေခဲ့တယ်။ သူငယ်ချင်းတွေနဲ့
ပျော်ပါးပြီး ညည့်နက်မှ ပြန်လာတာကိုလည်း ကျွန်မ ခွင့်လွတ်ခဲ့တယ်။
အားလပ်ချိန်မှာ အိမ်အလုပ် ကူမလုပ်ခဲ့တာ ကိုလည်း သည်းခံခဲ့တယ်။


သော့တစ်ချောင်း အစပြုလို့ သူ့ကို ကျွန်မစပြီး သံသယ၀င်မိတယ်။ ကျွန်မဟာ
အိမ်ထောင့်တာဝန် ကျေပွန်တဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက် မဟုတ်ခဲ့ပေမဲ့
သူ့အပြုအမှု၊ သူ့အရိပ်အကဲကို ကြည့်ပြီး သူ့စိတ်မှာ
ဘာတွေဖြစ်နေတယ်ဆိုတာကိုတော့ ကျွန်မ ခန့်မှန်းလို့ရပါတယ်။ သူမှာ
နဂိုသော့(၄)ချောင်းရှိတယ်။ အိမ်တံခါးမကြီးသော့၊ အိပ်ခန်းနှစ်ခန်းသော့၊
နောက်သူ့ရုံးခန်းသော့... ဘယ်တုန်းကများ သူ့အိတ်ထဲ သော့တစ်ချောင်း
ပိုလာတာလဲ... ကျွန်မ အလေးမထားသလိုနဲ့ မေးကြည့်ဖူးသေးတယ်။ ဒါပေမဲ့ သူဘာမှ
မသိသလိုနဲ့ စကားလမ်းကြောင်းလွဲလိုက်တယ်။ ဒါကြောင့် အဲဒီသော့ကို ကျွန်မပို
သံသယဖြစ်မိတယ်။

သူ့ကို အကြောင်းမရှိ အကြောင်းရှာပြီး ကျွန်မ ဖုန်းဆက်တတ်လာတယ်။
လမ်းကြုံသလိုနဲ့ သူ့ရုံးခန်းကို သွားတတ်လာတယ်။ ရုံးဆင်းရင်လည်း
သူ့ကိုသွားကြိုသလိုနဲ့ ကျွန်မ အဲဒီသော့အကြောင်းကို စုံစမ်းတတ်လာခဲ့တယ်။
အရင်ကလို အလုပ်ကို ကျွန်မ ဦးစားမပေးတော့ဘဲ သူ့ကို ပိုဂရုစိုက်၊
ပိုပြုစုတတ်လာတယ်။ ရုံးပိတ်ရက်တွေဆိုရင်လည်း အပြင်ထွက်မလည်တော့ဘဲ
အစားကောင်းတွေ ချက်ပြုတ်ရင်း သူ့အတွက် အိမ်ထောင်ရှင်မကောင်း
တစ်ဦးဖြစ်အောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒါတွေဟာ နှောင်းသွားခဲ့ပြီလား...

သူအရင်ကထက် စကားနည်းလာတယ်။ အရင်ကလို သူ့စိတ်ထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ
ကျွန်မကို အသိမပေးတော့ဘူး။ သန်းခေါင်ယံ နိုးလာရင်လည်း လေသာဆောင်မှာ
မိုးလင်းပေါက် ထိုင်နေခဲ့တတ်တယ်။ အမြဲစိတ်လှုပ်ရှားနေတတ်ပြီး အရင်လို
မသွက်လက်တော့ဘူး။ ဟိုမေ့ဒီမေ့နဲ့ အလုပ်မှာလည်း စိတ်ပါဝင်မှု
လျှော့လာခဲ့တယ်။ သူပြောင်းလဲသွားပြီလား.. ဒါပေမဲ့ ကျွန်မအပေါ်
ချစ်တဲ့စိတ်၊ ယုယတဲ့စိတ်တော့ မပြောင်းလဲခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ
သံသယ၀င်နေဆဲပါပဲ။

နေ့ညမပြတ် အဲဒီသော့ရဲ့ သဲလွန်စကို ကျွန်မရှာခဲ့တယ်။ နောက်ဆုံး အဲဒီသော့ဟာ
ဘဏ်တစ်ခုရဲ့ မီးခံသေတ္တာသော့ဆိုတာကို ကျွန်မ စုံစမ်းခဲ့ရတယ်။ သော့ကို
သူမသိအောင် ကျွန်မတိတ်တိတ်လေး ယူပြီး ဘဏ်ကို သွားလိုက်မိတယ်။ ကျွန်မ
တုန်လှုပ်စွာနဲ့ သော့ကို ဖွင့်ရင်း သိချင်စိတ်က အရမ်းပြင်းပြနေခဲ့တယ်။
ဖွင့်လိုက်တဲ့ အချိန်မှာတော့ အတွင်းမှာ ရတနာသေတ္တာ ဘူးလေးတစ်ခု... ကျွန်မ
အသက်ကို ပြင်းပြင်းရှုရင်း သေတ္တာကို ဖွင့်လိုက်မိတယ်။
“တော်တော်ရိုးအတဲ့လူ” လို့ ရေရွတ်ပြီး ကျွန်မ ပြုံးလိုက်မိတယ်။

ဘူးထဲမှာ ဓာတ်ပုံတစ်ပုံ... ပုံက ကျွန်မနဲ့သူ ပထမဆုံး
တွဲရိုက်ထားတဲ့ပုံ... နောက် သူ့ကို ရေးပေးခဲ့ဖူးတဲ့ ကျွန်မရဲ့ စာတွေ
စုစုပေါင်း(၂၈)စောင် ကျွန်မ အချိုမြိန်ဆုံး ပြုံးလိုက်မိတယ်။

စာတွေရဲ့ အောက်မှာတော့ ချက်လက်မှတ်နဲ့ သေတမ်းစာ “အခုမှ အသက်၃၀ကျော်ပဲ
ရှိသေးတယ်။ ဘာသေတမ်းစာ ရေးထားတာလဲ.. အိမ်ရောက်မှ
ကောင်းကောင်းဆူလိုက်ဦးမယ်” ကျွန်မ ရေရွတ်နေပေမဲ့လည်း
ဘာသေတမ်းစာလဲဆိုတာကို အရမ်း စိတ်ဝင်စားသွားမိတယ်။ စာအိတ်ကို ကျွန်မ
ဖောက်ကြည့်လိုက်မိတယ်။ သေတမ်းစာထဲမှာတော့ xxxx အိမ်နဲ့ စုငွေ ၂၀%ကို
မိဘအတွက်၊ ၁၀% အစ်ကိုအတွက်၊ ၃၀% ကို ဘိုးဘွားရိပ်သာအတွက်၊ ကျန်တဲ့ငွေနဲ့
ရင်းနှီးမြုပ်နှံငွေတွေမှာတော့ ကျွန်မနာမည်ရေးထားတယ်။ ကျွန်မ ငိုမိတယ်။

ကျွန်မသာ သူ့ကို သံသယ၀င်နေခဲ့တာ၊ မယုံခဲ့တာ။ တကယ်တော့ သူဟာ ကျွန်မကိုပဲ
ချစ်ခဲ့တယ်။ သစ္စာရှိခဲ့တယ်။ စာရွက်တွေကို ဘူးထဲ ပြန်ထည့်မယ်လုပ်တော့
ကျွန်မလက်ထဲကနေ စာရွက်လေးတစ်ရွက် ပြုတ်ကျသွားတယ်။ ကျွန်မ
ကောက်ယူကြည့်မိတော့ ဆေးစာတစ်စောင်... လူနာနေရာမှာ သူ့နာမည် ရေးထားတယ်။
ဆေးစာရဲ့ အောက်တစ်နေရာမှာ ရှင်းလင်းထင်ရှားတဲ့ စာလုံးလေးလုံး
“အရိုးကင်ဆာ” တဲ့။

လူတိုင်းရဲ့ စိတ်မှာ သော့တစ်ချောင်းကိုယ်စီရှိတယ်။ အဲဒီသော့ရဲ့ နာမည်က
“သံသယ” တဲ့။ ကျွန်မကတော့ ပြောလိုက်ချင်ပါတယ်။ လူတိုင်းမှာ စိတ်တံခါးပေါက်
တစ်ပေါက်ရှိတယ်။ အဲဒီတံခါးပေါက်ကို “သံသယ တံခါးပေါက်” လို့ခေါ်တယ်။
“အချစ်”ဆိုတဲ့ သော့သာ အဲဒီတံခါးပေါက်ကို ဖွင့်နိုင်မှာပါ။

(သော့ဆိုတာ တံခါးဖွင့်ဖို့ သက်သက်ပဲ မဟုတ်ပါဘူး။ တံခါးခေါက်ဖို့အတွက်လည်း
အသုံးဝင်ပါတယ်။ ပစ္စည်းရဲ့ အသုံးဝင်ပုံဟာ သုံးတဲ့လူရဲ့ သုံးတတ်တဲ့
အပေါ်မှုတည်ပါတယ်)

Monday, January 4, 2010

တွေ့ရှိချိန်

0 comments
မျှော်ကာနေမလား
ကိုယ့်တစ်ယောက်တည်း
အတွေးဝင်မိ ရင်မှာခံစား
အတိတ်ဟောင်းတွေ
ပြန်သတိရကာ သူထားခဲ့သော
အမှတ်တရ အလွမ်းတွေနှင့်
ဝေးကြီးဝေးမှ မင်းကိုချစ်တတ်ခဲ့ပြီ...

Second Two
9;00 pm
24.8.09

ဟာသ

0 comments


ကြိုက်တာဝယ်စား

အမေရိကန်နိုင်ငံရှိ ၀က်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။
" ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် "
" ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် "
ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။
"ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ "m
" အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။ ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ် "
ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။
" ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား "
" တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် "
@hp


စည်းကမ်းရှိသူ


" လူတွေကစည်းကမ်းမရှိကြဘူးဗျာ ။ ငှားပြီးရင်ပြန်မပေးချင်ကြဘူး ။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မပြောတတ်ဘူး "
" ကျွန်တော့်ပတ်ဝန်းကျင်က စည်းကမ်းရှိရှိပြန်ပေးပါတယ် ။ မိုးတွင်းတုန်းကငှားသွားတဲ့ထီးကို ဆောင်းတွင်းကျတော့ လာပြန်ပေးပြီး စောင်ပြန်ငှားသွားတယ် ။ နွေရောက်တော့ စောင်လာပို့ပြီး ယပ်တောင်ပြန်ငှားသွားကြတယ်ဗျ "
@hp


မှားယွင်းမှု၏ရလဒ်


" မင်းနဲ့ငါနဲ့ညားလာတာ အခုဆိုရင်အိမ်ထောင်သက်တမ်း အနှစ်အစိတ်ရှိပြီ ။ တကယ်တမ်းပြောရရင် အဲဒီကိစ်စဟာ မှားယွင်းမှုတစ်ခုရဲ့ ရလဒ်ပဲ "
" ဘယ်လို ဘယ်လို ဘာပြောတယ် ရှင်းစမ်းပါဦး "
" ဒီလိုလေ၊ အဲဒီမင်းကို စတွေ့တဲ့နေ့က ငါလေချွန်မိတာ မင်းကိုခေါ်တာ မဟုတ်ဘူး ။ တက္ကစီသမားကိုကွ " @hp



သိနားလည်မှု  
" မင်းတို့ထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်းသိတဲ့သူ ပါသလားကွ "
" ပါပါတယ်ဆရာ၊ ကျွန်တော် စန္ဒရားတီးတတ်ပါတယ်။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ် "
" ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းကဦးဆောင်ပြီး ဂရုစိုက်တင်ပေးစမ်းပါကွာ " @hp  

သူ့လက်ရာ

 " ဒီနေ့ ကျွန်မချက်ကျွေးတဲ့ဟင်းက ဘယ့်နှယ်နေလဲဟင် "
" ကောင်းတယ် မိန်းမရာ၊ ချိုပြီးဆိမ့်နေတာပဲ "
" မဟုတ်သေးပါဘူးတော်၊ ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ ချဉ်စပ်လို့ရေးထားတယ်ရှင့် " @hp  

ထီးတစ်လက်၏သံသရာ

" အခုလာရတာကတော့ လွန်ခဲ့တဲ့သုံးရက်က ကျွန်တော့်ဆီက ငှားသွားတဲ့ထီးကို ပြန်ယူချင်လို့ပါ "
" ဟောဗျာ၊ သူငယ်ချင်းတစ်ယောက် မနေ့ကအိမ်လာလည်ရင်း ခဏငှားသွားတယ်ဗျ။ သူ့ဆီသွားတောင်းတော့ ယောက်ဖတစ်ယောက် ခဏငှားသွားလို့ပါတဲ့။
အရေးကြီးသလား၊ လိုက်ရှာပေးမယ်လေ "
" အရေးကြီးပါသော်ကောဗျာ။  ကျွန်တော်ကလည်း အဲဒီထီးကိုငှားဆောင်းလာခဲ့တာ။ အဲဒါလာတောင်းနေလို့ဗျို့။ သူကလည်းဒီထီးဟာ သူ့ထီးမဟုတ်ဘူး

ခဏငှားလာတာတဲ့ " @hp

 
  တစ်ယောက်တစ်လှည့်



" ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အထိမ်းအမှတ်အဖြစ် ဟန်းနီးမွန်းထွက်ချင်လို့ ခွင့်ဆယ်ရက်လောက် ပေးပါခင်ဗျာ "
" အင်း ..... ခက်တာပဲ။ လောလောဆယ်အလုပ်တွေ ကျပ်နေတော့တစ်ယောက်ယောက် မရှိရင်လည်းမဖြစ်ပြန်ဘူး။ နှစ်ယောက်စလုံးကငါ့ကုမ္ပဏီရဲ့စံပြ၀န်ထမ်းတွေဆိုတော့ ခွင့်မပေးနိုင်ဘူးလို့လည်း မပြောရက်ပြန်ဘူး။ ဒီတော့တစ်ယောက်တစ်လှည့်စီသွားကြဖို့ မေတ္တာရပ်ခံပါရစေကွာ " @hp

  သူ့နေရာသူပြန်သွား



" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက ခွဲထုတ်ထားတဲ့ဟာတွေရှင့် "  @hp

 မေးမှသိတယ်
" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊ နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ "  @hp


ပြောချင်တာကဒီလိုပါ

" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။ ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။ ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း ..... ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ " @hp

ဘယ်သူမှမပြောနဲ့နော်

" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကို ပြောင်းသွားတာတစ်ပတ်လောက်ပဲရှိေ
သးတယ် မြေးရဲ့ " @hp


စနစ်တကျအသုံးပြုနည်း

" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား " @hp


နားလေးသူမို့ပါ

" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် "
@hp


ဟိုတစ်မျိုး ဒီတစ်မျိုး

" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ ၀င်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် " @hp


မေမေ့တာဝန်ထားလိုက်

" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ "
@hp


အမွေဆက်ခံမိလို့

" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ "
@hp


မမြောက်ပါနဲ့ဗျာ

" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊ ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှ မနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ  "
" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ "
@hp


အထင်နဲ့အမြင်

" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ "
@hp


ထင်တာကတခြား

" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "

" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် "
@hp


သိချင်လို့

" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "

" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ " @hp


ပြင်ပအစားအစာ

" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။ မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာ ပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် "
@hp


သမ်းပြတာမဟုတ်ပါ

" ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို လက်ဝါးနဲ့မကာဘဲ သမ်းပြတာနှစ်ကြိမ်ရှိသွားပြီ "
" အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော် တစ်ခုခုပြောဖို့ကြံတိုင်း ခင်ဗျားကရေပတ်မ၀င်အောင် ပြောနေတာကိုးဗျ "
@hp


ယောက်ျားဆိုတာ

" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ ၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ "
@hp


တလွဲမထင်ပါနဲ့

" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "

" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊ ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ " @hp


ဆရာ့ညွှန်ကြားချက်

" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "

" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် "
@hp


လိုချင်ရင်ပြောပါ

" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊ အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား " @hp