Friday, July 23, 2010

တွေဝေချိန်

0 comments
မေ့မှာပါ မေ့မှာပါလို့
ကိုယ်တိုင်ကြိုးစား ရုန်းထကာမှ
သူပြောလိုက်တဲ့ မျှော်လင့်ချက်စကားတစ်ခွန်း..

မချစ်တော့ဘူး မချစ်တော့ဘူးလို့
ကိုယ်တိုင်ကြိုးစား မေ့တတ်ကာမှ
သူ့ကြည့်လိုက်တဲ့ မျှော်လင့်ချက်မျက်ဝန်းတစ်စုံ...

မလွမ်းတတ်တော့ဘူး
မချစ်တတ်တော့ဘူးလို့ မျှော်လင့်ချက်စကား
တုန့်ပြန်မိချိန် သိတော့သိလိုက်ပါတယ်
အေးစက်စက်နှင်းပွင့်တွေနဲ့
လှည့်ကြည့်လို့ လှမ်းအခိုက်
ငါ့နှလုံးသား နှင်းစွတ်သွားပြန်တယ်...

07/22/10
5:35 pm

Image and video hosting by TinyPic

Sunday, July 18, 2010

သစ်အိုပင်ရဲ့မျှော်လင့်တမ်းခြင်း

0 comments
အတူဆုံနေကြ သစ်အိုပင်လေးရဲ့
အရိပ်လေး တစ်နေရာလေးမှာ
မျှော်လင့်ချက်တွေနဲ့ တွေ့ဆုံချိန်တိုင်း
ရင်ခုန်လွမ်းမောခဲ့ကြတဲ့
နေရာလေးရယ်...

သူမရှိတော့ပေမယ် ရင်ခုန်လွမ်းဖော်
သစ်ရွက်လေးတွေ မြေပေါ်ကျတဲ့
အချိန်တွေတိုင်း သစ်အိုပင်ရဲ့
မျှော်လင့်ခြင်းကို ငါသိခဲ့ရပြီ...

သူ့ရင်ထဲ ငါမရှိတော့ပေမယ်
သစ်အိုပင်ရဲ့ ရင်ထဲမှာ
မင်းကိုဘဲတမ်းတလျက်နေ
နေ့ရက်တွေတိုင်း ကိုယ်လွမ်းမောမိတဲ့
နေရာဟောင်းလေးနဲ့ သစ်အိုပင်ရဲ့
မျှော်လင့်ခြင်းကတော့
မင်းရောက်လာမယ့်နေ့ကို
မျှော်လင့်တမ်းခြင်းတစ်ခုအဖြစ်နဲ့
မင်းကိုယ်စား သိမ်းထားခဲ့တယ်...
ိုImage and video hosting by TinyPic