တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းတစ်ခုထဲတွင် လူနာနှစ်ယေက်ရှိကြသည်။ နှစ်ယောက်လုံးပင် ရောဂါသည်းသော လူနာများဖြစ်ကြသည်။အခန်းလေးက ကျဉ်းပြီးအပြင်လောကကို ကြည့်စရာပြတင်းပေါက် တစ်ခုသာရှိသည်။
လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လည်ပိုင်းတွင် သူ့အဆုတ်ထဲက အရည်တွေကို ပိုက်နှင့်ဆုပ်ထုတ်ရတာကို အကြောင်းပြု၍ တစ်နာရီထိုင်ခွင့်ရသည်။သူ့ခုတင်က ပြတင်းပေါက်အနီးမှာ ရှိသည်။ တစ်ဖက်ခုတင်ရှိလူနာကတော့ တစ်ချိန်လုံး ပက်လက်လှန်ကာ စန့်စန့်ကြီး လှဲနေရသည်။
နေ့လည်ခင်းတိုင်း ပြတင်းအနီးရှိလူနာက ခုတင်းခေါင်းအုံးတွေဘာတွေဆင့်ကာကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် အပြင်ဘက်ဆီမှ သူလှမ်းမြင်ရသည့် အရာတွေကို အနီးရှိလူနာအား ပြောပြလေ့ရှိသည်။ ပြတင်းပေါက်မှ လှမ်းကြည့်လျှင် အပြင်မှာ ပန်းခြံကြီးတစ်ခု မြင်ရသည်ဟုဆိုသည်။အဲဒီထဲမှာ ရေကန်ကြီးတစ်ခုရှိသည်။ ကလေးများက သူတို့ကိုပေါင်မုန့်တွေ ပစ်ကျွေးနေကြသည်။
ကလေးအချို့ကလှေကလေးတွေ မျောနေကြသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက် လက်ချင်းတွဲပြီး လမ်းလျှောက်နေကြသည်။ ပန်းတွေက ဝေဝေဆာဆာ ပွင့်လန်းနေကြသည်။ မြက်ခင်းစိမ်းစိမ်းက အပြန့်ကျယ်လှသည်။ အဲသည်မှာ ဘောလုံးကစားနေကြသူတွေလည်း မြင်ရသသည်။
ဟိုးအဝေးဆီတွင် သစ်ပင်တွေထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာ အိမ်ရာများ။ ထို့နောက် ပြာလဲ့သောမိုးကောင်းကင်။ပက်လက်လှန်နေရသောသူသည် တစ်ဖက်လူ ခရေစေ့တွင်းကြ ပြောပြသမျှကို နားစွင့်ကာ ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။ ကလေးတစ်ယောက် ရေထဲ လိမ့်ကျတော့မလို ဖြစ်သွားတာ နွေရာသီ ဝတ်စုံသစ်တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသည်ဖြင့် အပြင်လောကမှ ဖြစ်ပျက်နေပုံ အလုံးစုံကိုသူ့ အာရုံထဲ အသေးစိတ် မြင့်ခွင့်ရနေသည်။
သည်လိုနေရင်း သာယာသော နေ့လယ်ခင်းတစ်ခုမှာ သူ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာသည်။ တစ်ဖက်လူကတော့ ပြတင်းပေါက်နားမှာနေပြီး အပြင်လောက ရှုခင်းအစုံကိုစိတ်တိုင်းကျ ကြည့်ခွင့်ရနေသည်၊ မိမိကိုတော့ ဘာကြောင့်အဲသည်မှာ ထားမပေးသလဲ ဟူသော အတွေးဖြစ်သည်။ သည်လိုသေးသေးသိမ်သိမ်တွေးမိခြင်းအတွက်လည်း သူရှက်တော့ရှက်မိသည်။ သို့သော် အတွေးကိုဖျောက်နေသည့်ကြားကပင် နေရာခြင်း လဲခြင်းစိတ်က ပြင်းပြသထက်ပြင်းပြလာသည်။
ဘယ်နည်းနဲ့ဖြစ်ဖြစ်လဲရမှ ဖြစ်မယ်ဆိုတာမျိုးအထိ သူတွေးမိလာသည်။တစ်ညမှာတော့ သူမျက်နှာကြက်ကို ငေးကြည့်နေစဉ် တစ်ဖက်လူရုတ်တရက် နိုးလာကာ ချောင်းစိုးသည်။ ချောင်းဆိုးရင် သီးလာသည်။ သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့် အချက်ပေးခလုတ်ကို နှိပ်ရန် လက်ကစမ်းတဝါးဝါး လိုက်ရှာသည်။
သို့သော် သူမလှုပ်ရှား။ တစ်ဖက်လူအသက်ရှုရပ်သွားသည်အထိ ငြိမ်၍ပင် စောင့်ကြည့်နေသည်။ နောက်နေ့မနက်မှာ သူနာပြုဆရာမက တစ်ဖက်လူသေဆုံးနေကြောင်းတွေ့ရှိကာ အလောင်းကို တိတ်ဆိတ်စွာပင် သယ်ယူလိုက်သည်။ဣနြေ္ဒမပျက်လောက်ဘူးဟု ထင်ရသောအချိန်လောက်တွင် ကျန်ရစ်သူက သူ့အားပြတင်းပေါက်အနီးရှိ ခုတင်သို့ပြောင်းပေးနိုင်မလားဟု မေးသည်။
သို့နှင့် ပြောင်းပေးကြသည်။သက်သောင့်သက်သာ အရှိဆုံးဖြစ်အောင် နေရာချပေးကြသည်။ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသိုပေးသည်။သူနာပြုတွေထွက်သွားသည်နှင့်တစ်ပြိုင်နက် တံတောင်တစ်ဖက်ပေါ်တွင် အားပြုကာ သူကြိုးစား၍ထသည်။နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံကာ သူ့ကိုယ်သူ ခဲယဉ်းပင်ပန်းစွာ ထူမပြီး ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်သည်။
အပြင်၌ နံရံတံတိုင်းတစ်ခုသာ သူမြင်ရလေသည်။
ဘာသာပြန်- ဖေမြင့်
မူရင်း- အမည်မသိ စာရေးသူ၏ Window
Friday, October 15, 2010
ပုံရိပ်စစ်
သိတော့သိသည် အတွေးတစ်ခု
မရေမရာ ကိုယ်ကိုယ်တိုင်လည်း
ပြန်မမေးရဲ ခံစားခဲ့တာတော့
အသေအချာ....
ပြန်လာနိုးနိုး လာမည်လားနှင့်
မျှော်ခဲ့တာလည်း ရက်တွေကုန်လို့
လတွေပြောင်းကာ နှစ်တွေကြာခဲ့ပြီ....
ကြာတော့ကြာပြီ ဆိုပေမယ့်လည်း
ခံစားချက်က အရိုးထိအောင်
ရူးသွပ်ခဲ့တော့ ရင်မှာနုသစ်ဆဲ..
အတွေးတစ်ခု မရေရာသော်လည်း
ခံစားချက်တစ်ခု ရေရေရာရာ
ကိုယ်တိုင်သိလို့ ခံစားမိကာမှ
နှုတ်ကမထွက် ပင့်သက်အရှိုက်
ရင်တဖို့မှာ သက်ပြင်းတွေနှင့်
မျောပါရ၏...
ဘယ်သောဘယ်ခါ ပြန်ဆုံမည်လဲ
ပင်လယ်တွေခြား ဝေးကြီးဝေးမှ
ကိုယ်တိုင်သိလို့ ခံစားမိလည်း
အချိန်တွေဟောင်းနှင့် အချိန်တွေနှောင်းကာ
ကိုယ်ကိုယ်တိုင်တောင် ပြန်မတွေးရဲ
ရင်ကနှလုံးသား နာကျည်းကျန်မှာ
စိုးပါသည်...
ညစဉ်ညတိုင်း ကိုယ့်တွေးစိတ်ထဲ
စိုးမိုးလွန်းတဲ့ အပြုံးမျက်နှာ
ပြန်မြင်ယောင်မိတဲ့ ကိုယ့်အိပ်မက်တွေ
ဘယ်သူပြောလို့ သူသိမှာလဲ
ရှက်ပြုံးပြုံးလေး ပြုံခဲ့မိတာ..
မျှော်ကာနေမလား ကိုယ်တစ်ယောက်တည်း
အတွေးဝင်မိ ရင်မှာခံစား
အတိတ်ဟောင်းတွေ ပြန်သတိရကာ
သူပေးခဲ့သော အမှတ်တရ
အလွမ်းတွေနှင့် အဝေးကြီးဝေးမှ
မင်းကို...... ချစ်တတ်ခဲ့ပြီ
မိန်းကလေးရယ်
24.8.2009
9:00(PM)
မရေမရာ ကိုယ်ကိုယ်တိုင်လည်း
ပြန်မမေးရဲ ခံစားခဲ့တာတော့
အသေအချာ....
ပြန်လာနိုးနိုး လာမည်လားနှင့်
မျှော်ခဲ့တာလည်း ရက်တွေကုန်လို့
လတွေပြောင်းကာ နှစ်တွေကြာခဲ့ပြီ....
ကြာတော့ကြာပြီ ဆိုပေမယ့်လည်း
ခံစားချက်က အရိုးထိအောင်
ရူးသွပ်ခဲ့တော့ ရင်မှာနုသစ်ဆဲ..
အတွေးတစ်ခု မရေရာသော်လည်း
ခံစားချက်တစ်ခု ရေရေရာရာ
ကိုယ်တိုင်သိလို့ ခံစားမိကာမှ
နှုတ်ကမထွက် ပင့်သက်အရှိုက်
ရင်တဖို့မှာ သက်ပြင်းတွေနှင့်
မျောပါရ၏...
ဘယ်သောဘယ်ခါ ပြန်ဆုံမည်လဲ
ပင်လယ်တွေခြား ဝေးကြီးဝေးမှ
ကိုယ်တိုင်သိလို့ ခံစားမိလည်း
အချိန်တွေဟောင်းနှင့် အချိန်တွေနှောင်းကာ
ကိုယ်ကိုယ်တိုင်တောင် ပြန်မတွေးရဲ
ရင်ကနှလုံးသား နာကျည်းကျန်မှာ
စိုးပါသည်...
ညစဉ်ညတိုင်း ကိုယ့်တွေးစိတ်ထဲ
စိုးမိုးလွန်းတဲ့ အပြုံးမျက်နှာ
ပြန်မြင်ယောင်မိတဲ့ ကိုယ့်အိပ်မက်တွေ
ဘယ်သူပြောလို့ သူသိမှာလဲ
ရှက်ပြုံးပြုံးလေး ပြုံခဲ့မိတာ..
မျှော်ကာနေမလား ကိုယ်တစ်ယောက်တည်း
အတွေးဝင်မိ ရင်မှာခံစား
အတိတ်ဟောင်းတွေ ပြန်သတိရကာ
သူပေးခဲ့သော အမှတ်တရ
အလွမ်းတွေနှင့် အဝေးကြီးဝေးမှ
မင်းကို...... ချစ်တတ်ခဲ့ပြီ
မိန်းကလေးရယ်
24.8.2009
9:00(PM)
Subscribe to:
Posts (Atom)