Friday, May 17, 2013

ရင်တွင်းမှပိတောက်ပန်း

0 comments
“ကိုယ့်ဘဝ…..
ပွင့်လာရ ချစ်ဦးလွှာ။
ပိတောက်ကို ပမာခိုင်း
နှိုင်းချင်ရဲ့ မောင့်သက်လျာ
တစ်သက်တွင် သည်တစ်ချစ်
တစ်ချစ်သည် တစ်ယောက်ထည်း
မဖောက်လွှဲပါတဲ့ ခိုင်သစ္စာ
မေတ္တာနှစ် သင်္ကြန်ပန်း။

ဪ…..မဆင်ငြင်းရင်လှ
ပင်မင်းမှာ မာလာသုဉ်းသည်သို့
ဘဝမှာ ပိတောက်တုံးပေလိမ့်
ဆံထုံးနောင် မပြင်နဲ့
တာသဘင် တစ်ကြိမ်သစ်မည်က
သံသရာ ဟိုတစ်ခေတ်မှာမို့
(ကွယ်) လွမ်းရစ်တော့ မငိုတမ်း….”

တက္ကသိုလ်ဘုန်းနိုင် (ပိတောက်ပွင့်ဆဲ လသာဆဲဝယ် စာအုပ်မှ)

ခတ္တဖြူ

0 comments

သိဟ်ရာသီဝါ
ခေါင်ဦးမှာလ
စွင့်မြူးလို့  သင်းကြူကြူ
ပွင့်ဖူးတဲ့ ဆင်းဖြူဖြူရယ်
လှပုံမှာ အလွန်ထူး
မိုးစက်တို့ဖျန်းပက်
လှမ်းတက်လို့ ကမ္ဘာတွင်ခွင်
ယဉ်နိုင်အောင်အလှဆင်
မြင်သူတို့ စိတ်ကြည်နူး —
ခတ္တာဖြူတစ်ပွင့်ပန်းဟာ
ပင်ထက်မှာ တင့်လန်းစွာ
လှလွန်းပါလေတော့
မြေကမ္ဘာမှာ ကြွေရှာတဲ့
ရွက်ဝါငယ်မှာ တော်ရာကနေ မမျှော်သာ
မပျော်ကာ ဟိုးအဝေးမှာ ဆွေးဆွေးလေးနဲ့
ငေးငေးနေ  
သူ့ရင်မှာလေ အတွင်းကြေ ——
သူဝတ်လွှာ ဖြူစင်စင်မှာ
ပူပင်မှာစိုး
ယူငင်ကာ  တိုးတဲ့
သည်ကြိုးတမျှင်စကို
ဒါဏ်ရာတွေအမှန်ရလို့
ကိုယ်သာခံရစေ
ချစ်ခြင်းအသင်္ချေ
မလစ်ဟင်းနေ နှလုံးသားက
အပြုံးများလှလို့
အရှုံးသမားဘ၀နဲ့
ဝေးဝေးကနေ ကိုယ်လွမ်းမပြေ ။  ။


– ဒီရေလှိုင်း

Tuesday, May 14, 2013

အဝေးဆုံး

0 comments
တစ်ချိန်က
အနီးဆုံးအချစ်တွေ
ထပ်တူတကျ ချစ်ခဲ့ရတဲ့
ရက်လေးတွေက
မြူမှုန်တွေ ပျောက်ရှသလိုပါလား....

ဝေးရမယ်လို့ ငါမယုံကြည်ခဲ့သလို
ငါ့အနားမှာ နင်ရှိမှာဘဲလို့
သေရာပါမှတ်ခဲ့တာက
တကယ်တော့
အိမ်မက်တစ်ခုသာဆိုရင်ကွယ်
အဝေးဆုံးသွေးမှာ အနီးဆုံး
ချစ်ခဲ့ပါရစေ
အဝေးဆုံးက ချစ်သူရယ်…

Ayethi.thi

အရင်လို ပြန်လာခွင့်ရှိရင်တောင်

0 comments
တကားလုံးဝေအောင်ဆွဲပြလည်း
ငါ့ပန်းချီထဲ
တစ်ပွင့်မှဝေဖော်မရ
နေစိမ့်ကြတယ်။
စွေ့ကနဲခုန်ချ သစ်သီးကောက်
ဖြုတ်ခနဲ ပြန်တက် ရှဥ့်မြီးကောက်လေး
ငေးလို့တောင် မ၀သေး
ဝေးခဲ့ရတယ်။
အပင်ပေါ်ပြန်လာခွင့်ရှိတယ်ဆိုရင်တောင်
အရင်လို ပြန်ဝေခွင့်မရှိတဲ့ဟန်ပါလား..
သွေးဆာနေတဲ့ အစွယ်ကိုမှ
သက်သက်လွတ်တရား
ပြမိလျက်သား..
ထားပါတော့ မိတ်ဆွေရေ
စီးနေဆဲမြစ်အတွက်
ကျောင်းတက်ချိန်ဆိုတာ
နေညိုညို ရေချိုးဆိပ်လို့ပဲထားလိုက်ပါ..
ထုံးပေါက်နေတဲ့လျှာအတွက်
“ဘ၀ဆိုတာ” လို့စကားစရမှာ
လေးလံလှပါတယ်ဟာ… ။     ။
မင်းကိုနိုင်
၁၇.၁၀.၂၀၁၂

အသည်းကွဲတဲ့နေ့

0 comments
အမှည့်လွန် သစ်သီးတို့
ပဲ့ ကြွေကုန်ကြပြီမေ။
ယုယမှုကဗျာ
ဒီတစ်ခါနောက်ဆုံးဆို
မှိုတက်နေတဲ့  သစ်သီးတစ်လုံး
အပြုံးအတုနဲ့
ကိုယ့်လက်ထဲထည့်လိုက်ပါ
ဒါဆိုရင်ပဲ
ကမ္ဘာမြေပြင်ဟာ
ပျော်စရာကောင်းကြောင်း
လောင်းကြေးထပ်
ကိုယ်မတ်မတ်ရပ်နေဦးမှာ။
အချစ်ဆိုတာ
မြစ်တစ်ခုလို စီးဆင်းသွား
သူမုန်းမလား
ကိုယ်မုန်းမလား
အရှုံးပေးတမ်းကစားကြတာမဟုတ်
အရုပ်တစ်ခုကို မဝယ်နိုင်
ကလေးငယ်လက်မှိုင်ချ ငိုကြွေးသတဲ့
ဒါပေမဲ့ စွဲလမ်းမှုအကြောင်း
သူကောင်းကောင်းသိသွားခဲ့ ။
နောက်တစ်ခါဆို
သစ်သီးချိုတစ်လုံးခူးစားဖို့
လက်များတွန့်ဆုတ် တွန့်ဆုတ်
နောင်တတို့ ချုပ်ရိုးပျက်
အရှက်တရားက
ခေတ္တကယ်တင်ရှင်ပေါ့မေ။ ။
ကျော်အောင်သစ်
(မြားနတ်မောင်၊ ဇွန်လ၊ ၁၉၉၂ ခု)