Friday, May 17, 2013

ခတ္တဖြူ


သိဟ်ရာသီဝါ
ခေါင်ဦးမှာလ
စွင့်မြူးလို့  သင်းကြူကြူ
ပွင့်ဖူးတဲ့ ဆင်းဖြူဖြူရယ်
လှပုံမှာ အလွန်ထူး
မိုးစက်တို့ဖျန်းပက်
လှမ်းတက်လို့ ကမ္ဘာတွင်ခွင်
ယဉ်နိုင်အောင်အလှဆင်
မြင်သူတို့ စိတ်ကြည်နူး —
ခတ္တာဖြူတစ်ပွင့်ပန်းဟာ
ပင်ထက်မှာ တင့်လန်းစွာ
လှလွန်းပါလေတော့
မြေကမ္ဘာမှာ ကြွေရှာတဲ့
ရွက်ဝါငယ်မှာ တော်ရာကနေ မမျှော်သာ
မပျော်ကာ ဟိုးအဝေးမှာ ဆွေးဆွေးလေးနဲ့
ငေးငေးနေ  
သူ့ရင်မှာလေ အတွင်းကြေ ——
သူဝတ်လွှာ ဖြူစင်စင်မှာ
ပူပင်မှာစိုး
ယူငင်ကာ  တိုးတဲ့
သည်ကြိုးတမျှင်စကို
ဒါဏ်ရာတွေအမှန်ရလို့
ကိုယ်သာခံရစေ
ချစ်ခြင်းအသင်္ချေ
မလစ်ဟင်းနေ နှလုံးသားက
အပြုံးများလှလို့
အရှုံးသမားဘ၀နဲ့
ဝေးဝေးကနေ ကိုယ်လွမ်းမပြေ ။  ။


– ဒီရေလှိုင်း

0 comments:

Post a Comment