Wednesday, April 29, 2015

နွေ....

0 comments

င့ါရင်​ကို ကျွမ်း​လောင်​​စေရုံ
သက်​သက်​နဲ့​တော့ ဝင်​မလာပါနဲ့...​နွေ...

ရွက်​​ဟောင်း​​ကြွေသလို...
နှလုံးသား ကြွေကျသွားတာ...
ဖြုတ်​..ခနဲပါဘဲ...

ဒီ​လောက်​ပူ​လောင်​မယ်​မှန်း..
ကြိုသိခဲ့..ရင်​....

ဆောင်းကို ​ခြေစုံကန်​ပြီး..
ငါတိုး ဝင်​မလာခဲ့ပါဘူး​နွေ....

မရဏဖွား တစ်​​ကောင်​ရဲ့
ရင်​ခုန်​သံဟာ...ဒီ​နွေနဲ့အတူ..
ပြာကျသွားမတတ်​ပါဘဲ...



Chin lay

Wednesday, April 22, 2015

အတိတ်သို့တမ်းခြင်း

0 comments

တောင်​စွယ်​မှာ ​နေကွယ်​လို့...

တိမ်​ညှိ​တွေ ပြိုလာခဲ့ပြီ...

ဝေဟင်​မှာ ငါ့စိတ်​​တွေက..
ပျံလွှားငှက်​​တွေနဲ့အတူ...
ဦးတည်​ရာမဲ့...ပျံဝဲလို့...

လမင်းဥ​ပေက္ခာပြုခံ ရတဲ့ည...
ကြယ်​​တွေကို ​မျော်​ကြည့်​ရင်း..
ငါဖြိုချခဲ့တဲ့ သက္ကရာဇ်​​တွေထဲ...
အလည်​တစ်​​ခေါက်​​ရောက်​ခဲ့ပြန်​တယ်​..

သူမကို သတ္တိမဲ့စွာ..
မြတ်​နိုးချစ်​ခဲ့တယ်​....
(ဖွင့်​​ပြောရဲ တဲ့သတ္တိမရှိလို့)

လေ​​ပြေတိုးတဲ့ စကားသံ​လေးနဲ့
သူမရဲ့ အပြုံး​ဟာ...ကျ​နော်​ မျက်​ဝန်း
မှာ တွဲခို​နေဆဲ...ပါ..

နှလုံးသားကို သံလမ်းခင်းပြီး
ဥသြဆွဲ ချင်​ ယုံ သက်​သက်​နဲ့
သံ​ယောဇဉ်​​တွေ ခုတ်​​မောင်းလာ
ခဲ့တာ မဟုတ်​ဘူး...​မေ

အခု​တော့....

အကြင်​နာ​တွေပိုက်​ပြီး...
အ​ပြေးနှင်​လာခဲ့ချင်​​ပေမယ့်​...
ကြိုဆိုသူမဲ့​နေ...ခဲ့ပြီ...​လေ

လမိုက်​ညရဲ့ အ​မှောင်​ထု​အောက်​မှာ
အထီးကျန်​ဆန်​ရင်း...
ကြယ်​စင်​​တွေကို ငါ မုန်းတတ်​​နေပြီ..

အချိန်​​တွေ ကုစား​ပေးသွားလိမ့်​ဆိုတဲ့
စကားသံ ​​အောက်​မှာ...
ရီ သံ ခပ်​သဲ့သဲ့ ​လေးကလွဲလို့.....
ငါ့နှလုံးသားကို ​တောင်​..ငါမပိုင်​​တော့ပါဘူး​လေ....

Chin Lay



Monday, April 20, 2015

လွင့်ကြွေခဲ့ရသော အိပ်မက်တစ်စုံ

0 comments
ငါ့နားရက်​...မနက်​မိုးလင်းလို့ မျက်​လုံးဖွင့်​လိုက်​တယ်​..ဖုန်း screen ကြည့်​လိုက်​​တော့ ၁၀နာရီ ​ကျော်​​ကျော်​သာ..

နံနက်​ခင်းကို နင့်​ရဲ့
မောနင်း စကား​လေးတစ်​ခွန်းနဲ့..အစပြုချင်​ခဲ့တာ..ပါ
မိန်းခ​လေး..

ဖြစ်​ခွင့်​မရှိဘူး​လေ...

ဘယ်​ဆီဘယ်​ရပ်​​ရောက်​​နေမှန်းမသိတဲ့ နှလုံးသား
က ဒီရင်​ဘတ်​စုတ်​ကြီးမှာ
လာမကပ်​ပြန်​ဘူး...

မိန်းခ​လေးရယ်​...
ငါ့​နေ့ရက်​တိုင်းပြည့်​စုံဖို့အတွက်​..
ငါ့ပါးပြင်​ကို..အနမ်း​တွေ​ချေးငှါးစမ်းပါ..
ငါဆက်​ဆက်​ ပြန်​ဆပ်​ပါ့မယ်​..

တစ်ကိုယ်ရေ လွမ်းဆွတ်​မှု့ကို မြစ်​ဖျားခံရင်း အထီးကျန်​ခြင်းနဲ့ တဝဲဝဲ
လည်​​နေတဲ့ နှလုံးသားကို..
အမိရ ဖမ်းဆုပ်​​ပေးစမ်းပါကွယ်​..မိန်းခ​လေး

ငါ​တောင်းဆိုချင်​တာ..
အချစ်​နှစ်​ခုနဲ့ ဘဝတစ်​ခု
တည်​​ဆောက်​ပြီး..​ရှေ့ဆက်​..

သြော်​..ငါ အဖန်​ဖန်​ အိပ်​မက်​​တွေ ဆက်​မက်​​နေပါလား..

Chin Lay