Tuesday, June 9, 2015

......ဇာတိအလွမ်း....

0 comments

အိမ်ကို..ငေးခဲ့...

တောင်တွေ...ပတ်လည်နဲ့...

ဝိုင်းရံထားတဲ့...နယ်မြို့လေးအကြောင်း..

ကို...တွေး...ရင်း..

တိမ်တွေကို..စီးပြီး..ပြန်ခဲ့ချင်တယ်...


ကွေ့ ကောက်တဲ့လမ်းမတွေထက်..

ခြေရာတွေ...ထပ်ခဲ့တဲ့...ဗိုလ်ချုပ် လမ်းတွေ..

ဟောင်းအိုနေတုန်းဘဲလား...


ခါးတွေ..ကိုင်းပြီး..နေရောင်ကို..

မိုးပေးတဲ့...ကုက္ကိုပင် ကြီးတွေ..ကို..

ရှင်သန်နေစေချင်တယ်.....


တောင်စွယ်မှာ...နေကွယ်တော့..

လူငယ်တွေဟာ....ဆုံစည်းလို့..

စကားတွေ...ဖောင်ဖွဲ့ခဲ့ကြတယ်...


ခုနှစ်တွေက...ပြောင်းလို့...

သက္ကရာဇ် တွေ....အထပ်ထပ်..

ဖြိုချခဲ့တဲ့..နယ်မြို့လေး...က...

လွမ်းမောစရာ....ရှုခင်းတွေနဲ့....သူ့မှာလဲ..

ရာဇဝင်နဲ့....လေ...


ရင်ထဲမှာ...ကဗ္ဗည်းထိုးထားတယ်...

ကလေးမြို့....မှကြိုဆိုပါ၏ ...


တောင်ကို...ကွေ့ဝိုက်..စီးဆင်းနေတဲ့..

ဥပုတ်ချောင်းကြီးက...တို့မြို့လေးကို ..

ထွေးပွေ့ထားခဲ့တယ်...


ပွင့်လင်းပြီး...ရိုးသားတဲ့....ထိုမြို့လေးရဲ့

အရိပ်ကို..ခိုလှုံခွင့်....ပြန်ရချင်ပြီ..


လွတ်လပ်မှု့အပြည့်နဲ့....နယ်မြို့လေးအကြောင်း

တွေးရင်း...ငေးမော...နေမိခဲ့တယ်..






Chin Lay

Monday, June 8, 2015

...သုံးသပ်​ခြင်း...

0 comments

တကယ်​​တော့.....မဖြူစင်​ခဲ့ဘူး
ငါ့စိတ်​​တွေ....ငါ့ကိုယ်​ငါ..
ပြန်​ကြည့်​လို့..မရ​လောက်​​အောင်​..
ညစ်​ညမ်းခဲ့တာပါ.....

သိက္ခာ တရားဆိုတာ...
စီး​နေတဲ့...ဖိနပ်​ ​လောက်​​တောင်​..
မထူ​.....​တော့ဘူးလားကွာ..

ရင်​ထဲမရှိဘဲ..နဲ့...
မဆင်​​ခြေ..​ပြောတဲ့စကားလုံး​တွေ..ကို
ကြားရမဲ့.နှား..အချိန်​မီ..
မပိတ်​လိုက်​မိဘူး....ဒီလိုဖြစ်​မယ်​မှန်း
ကြိုသိခဲ့ရင့်​...ဂွမ်းနဲ့..ဆို့ထားခဲ့ပါတယ်​..

ဘယ်​လိုမှ...မပတ်​သက်​ချင်​​တော့ဘူး..
နင်​ရဲ့အသိတရား​အောက်​မှာ...
ငါ..ဟာသိမ်​ငယ်​သွားခဲ့ပြီ ...ဘဲ​လေ

ထပ်​ပြီး...ငါ့မှာ..ဆက်​ရန်​မရှိ​တော့..
ငါ့ကိုယ်​ငါ......ပြန်​သုံးသပ်​ရင်း..
နင်​တို့​တွေ..ချီးမြှင့်​တဲ့ဝမ်းနည်းမှု့​တွေကို..
ပိုက်​​ထွေး​နေလိုက်​​တော့မယ်​...



Chin lay