Monday, October 12, 2015

............နာကျင်အတိတ်.....

0 comments

........အချစ်နဲ့..ကမ္ဘာကိုပတ်....

.........လမ်းခုလတ်မှာ...ကွဲသွားတယ်..

...........နောက်ဆက်တွဲနေတဲ့..

..............လွမ်းဆွေးခြင်း..ကြေကွဲခြင်းတွေက..

..................ကျနော်ကိုခွဲမသွားခဲ့ဘူး...


.......ထို့နေ့ပေါ့..၂၀၁၇...ကျောင်းသားဘဝတွေ

.........သူမ..ဟာ..ကျောင်းစိမ်းကျောင်းဖြူ

...........နဲ့..ကျနော်မြင်ကွင်းတိုင်းကို..တောက်ပ

.............စေသူ..တစ်နည်းအားဖြင့်..ကမ္ဘာကို

.................အတူပတ်ခဲ့ဘူးသူ..ပေါ့


....သူမရဲ့..ရီသံသဲ့သဲ့အောက်မှာ..

.....နှလုံးသားက..အပြင်းထန်ငိုကြွေးဘူးလေရဲ့..

.......သူမရဲ့..ရီသံသဲ့သဲ့အောက်မှာဘဲ..

..........ဘဝကို..ဦးမော့ချင်ပြန်ရဲ့...

............ဒါဟာ..နှလုံးသားရဲ့ပြယုတ်လား..


.......ရက်ကို..လစား..

........လကို..နှစ်စား..နဲ့..

..........နာရီလက်တံကို ..နောက်ပြန်ရစ်ပြီး..

............နှောင်းချိန်တွေ..ပြန်ရလို့ရငြား....

..............ကျနော်ဟာ..အရူးထခဲ့ဘူးသူပါ..


........ပြီးဆုံးခဲ့ပြီ..ဒီဇာတ်မှာ..သူမက..

.........ကျနော့်ကို..ထားခဲ့ပြီ..ရာစုနှစ်ရဲ့..

...........အစသာသာ..၂၀၁၁...မှာ..

.............တစ်ပါးသူကို..ဦးညွှတ်လိုက်ပြီ...ကွယ်


.....သူမရဲ့ လည်ဆံတစ်မွှေးတစ်မျှင်..မြင်တိုင်း

.......ဦးညွှတ်ခဲ့ရတဲ့ကျနော်ပါ....

.........ဘာကြာင့်များ..ကျားအိုကို..သွားဦညွှတ်

............ရတာလဲ..ချစ်သူ...


.....စည်းစိမ်ကြောင့်လား...?

.......တိုက်တွန်းတဲ့..ပတ်ဝန်းကျင်ကြောင့်လား.?

.........သွေးချင်းနီးတဲ့..ဆွေမျိုးများကြောင့်လား?.

............သေချာတာက..နင့်နှလုံးသားစေရာ....

...............မဟုတ်ခဲ့ဘူး.....


.....အသက်ထက်ဆုံးချစ်မယ်...

......ငါ့အသက်ကအရေးမပါလို့မဟုတ်ဘူး...

........ငါ့အချစ်က..အသက်ထက်..အရေးပေး

...........ခဲ့လို့ပါ...


.....ခုချိန်မှတော့...ကံကြမ္မာကို..ကျုပ်လက်ညှိး

........မထိုးတော့ဘူး...ချစ်သူ...

..........သင်္ခါရ...ကိုလက်ခံနိုင်ဖို့ကြိုးစားရလိမ့်မယ်.....




...Chin Lay


Friday, July 17, 2015

........ never..give..up...

0 comments

လောကကြီးရဲ့....အ​တွေး​ခေါ်..
ကမ္ဘာ​ကျော်​...စကားလုံး​တွေက..
လူ​တွေကိုချစ်​တတ်​​အောင်​...
သင်​​ပေးခဲ့ပြီး.....ငါ့ကိုယ်​ငါ..
.......မုန်းတတ်​လာခဲ့ပြီ.........

သေချာပါတယ်​...ကိုယ့်​နှဖားကိုယ်​..
ထိုးပြီး...​နေခွင့်​မရ​တော့မှ....
...သူတို့...ကြိုးဆွဲရာ...လိုက်​က..
နေရဦးမယ်​​လေ..

........တခါတ​လေ.......
အပယ်​တရိစ္ဆာန်​..​တွေရဲ့ဦး​နှောက်​နဲ့...
..လူဆိုတဲ့...ဦး​နှောက်​​တွေ..ကို..
.........ပိသာချိန်​..ကြည့်​လိုက်​ချင်​တယ်​..
..ချိန်​ခွင်​လျှာ...ရယ်​...မှန်​ကန်​မှု့..ရှိ​ပေးပါကွာ..

............ဘဝဆိုတာကြီးက...ခါးသီးတယ်​...
..ပြန်​ဆန်းစစ်​ကြည့်​​တော့...ကျုပ်​က​ရော..
......ဘယ်​နှကြိမ်​များ..အချိုရှာခဲ့ဘူးလို့လဲ..?

........မဟူရာ...ည..ဆိုတာ......
တကယ်​ဘဲ...အလင်းမဲ့​နေ​တော့မှာလား..
.....အာ့ဆို...ငါတို့​တွေ..​အ​ယောင်​​ယောင်​..
အမှားမှား..နဲ့ဆက်​​လျှောက်​ဖို့..စိတ်​ကူးမရှိခဲ့ဘုး......

.......ပန်းတိုင်​​လျှောက်​မဲ့..လမ်းက....ခလုတ်​အပြည့်​...​မှောင်​မိုက်​​ကောင်း..လိမ့်​မယ်​..
ပိုးစုန်းကြူးးအလင်း​ရောင်​​လောက်​ဘဲ...ရှိခဲ့ရင်​..
တောင်​......ငါတို့​တွေ..တ​နေ့မဟုတ်​...တ​နေ့​ရောက်
...မှာပါ....သူငယ်​ချင်း



...Chin lay

Tuesday, June 9, 2015

......ဇာတိအလွမ်း....

0 comments

အိမ်ကို..ငေးခဲ့...

တောင်တွေ...ပတ်လည်နဲ့...

ဝိုင်းရံထားတဲ့...နယ်မြို့လေးအကြောင်း..

ကို...တွေး...ရင်း..

တိမ်တွေကို..စီးပြီး..ပြန်ခဲ့ချင်တယ်...


ကွေ့ ကောက်တဲ့လမ်းမတွေထက်..

ခြေရာတွေ...ထပ်ခဲ့တဲ့...ဗိုလ်ချုပ် လမ်းတွေ..

ဟောင်းအိုနေတုန်းဘဲလား...


ခါးတွေ..ကိုင်းပြီး..နေရောင်ကို..

မိုးပေးတဲ့...ကုက္ကိုပင် ကြီးတွေ..ကို..

ရှင်သန်နေစေချင်တယ်.....


တောင်စွယ်မှာ...နေကွယ်တော့..

လူငယ်တွေဟာ....ဆုံစည်းလို့..

စကားတွေ...ဖောင်ဖွဲ့ခဲ့ကြတယ်...


ခုနှစ်တွေက...ပြောင်းလို့...

သက္ကရာဇ် တွေ....အထပ်ထပ်..

ဖြိုချခဲ့တဲ့..နယ်မြို့လေး...က...

လွမ်းမောစရာ....ရှုခင်းတွေနဲ့....သူ့မှာလဲ..

ရာဇဝင်နဲ့....လေ...


ရင်ထဲမှာ...ကဗ္ဗည်းထိုးထားတယ်...

ကလေးမြို့....မှကြိုဆိုပါ၏ ...


တောင်ကို...ကွေ့ဝိုက်..စီးဆင်းနေတဲ့..

ဥပုတ်ချောင်းကြီးက...တို့မြို့လေးကို ..

ထွေးပွေ့ထားခဲ့တယ်...


ပွင့်လင်းပြီး...ရိုးသားတဲ့....ထိုမြို့လေးရဲ့

အရိပ်ကို..ခိုလှုံခွင့်....ပြန်ရချင်ပြီ..


လွတ်လပ်မှု့အပြည့်နဲ့....နယ်မြို့လေးအကြောင်း

တွေးရင်း...ငေးမော...နေမိခဲ့တယ်..






Chin Lay