Monday, October 12, 2015

နာကျင်အတိတ်

အချစ်နဲ့ ကမ္ဘာကိုပတ်

လမ်းခုလတ်မှာ...ကွဲသွားတယ်..

နောက်ဆက်တွဲနေတဲ့..

လွမ်းဆွေးခြင်း..ကြေကွဲခြင်းတွေက..

ကျနော်ကိုခွဲမသွားခဲ့ဘူး...


ထို့နေ့ပေါ့..၂၀၁၇...ကျောင်းသားဘဝတွေ

သူမ..ဟာ..ကျောင်းစိမ်းကျောင်းဖြူ

နဲ့..ကျနော်မြင်ကွင်းတိုင်းကို..တောက်ပ

စေသူ..တစ်နည်းအားဖြင့်..ကမ္ဘာကို

အတူပတ်ခဲ့ဘူးသူ..ပေါ့


သူမရဲ့..ရီသံသဲ့သဲ့အောက်မှာ..

နှလုံးသားက..အပြင်းထန်ငိုကြွေးဘူးလေရဲ့..

သူမရဲ့..ရီသံသဲ့သဲ့အောက်မှာဘဲ..

ဘဝကို..ဦးမော့ချင်ပြန်ရဲ့...

ဒါဟာ..နှလုံးသားရဲ့ပြယုတ်လား..


.ရက်ကို..လစား..

လကို..နှစ်စား..နဲ့..

နာရီလက်တံကို ..နောက်ပြန်ရစ်ပြီး..

နှောင်းချိန်တွေ..ပြန်ရလို့ရငြား....

ကျနော်ဟာ..အရူးထခဲ့ဘူးသူပါ..


ပြီးဆုံးခဲ့ပြီ..ဒီဇာတ်မှာ..သူမက..

ကျနော့်ကို..ထားခဲ့ပြီ..ရာစုနှစ်ရဲ့..

အစသာသာ..၂၀၁၁...မှာ..

တစ်ပါးသူကို..ဦးညွှတ်လိုက်ပြီ...ကွယ်

သူမရဲ့ လည်ဆံတစ်မွှေးတစ်မျှင်..မြင်တိုင်း

ဦးညွှတ်ခဲ့ရတဲ့ကျနော်ပါ....

ဘာကြာင့်များ..ကျားအိုကို..သွားဦညွှတ်

ရတာလဲ..ချစ်သူ...


စည်းစိမ်ကြောင့်လား...?

တိုက်တွန်းတဲ့..ပတ်ဝန်းကျင်ကြောင့်လား.?

သွေးချင်းနီးတဲ့..ဆွေမျိုးများကြောင့်လား?.

သေချာတာက..နင့်နှလုံးသားစေရာ....

မဟုတ်ခဲ့ဘူး.....

အသက်ထက်ဆုံးချစ်မယ်...

ငါ့အသက်ကအရေးမပါလို့မဟုတ်ဘူး...

ငါ့အချစ်က..အသက်ထက်..အရေးပေးခဲ့လို့ပါ...


ခုချိန်မှတော့...ကံကြမ္မာကို..ကျုပ်လက်ညှိး

မထိုးတော့ဘူး...ချစ်သူ...

သင်္ခါရ...ကိုလက်ခံနိုင်ဖို့ကြိုးစားရလိမ့်မယ်.....




Chin Lay


0 comments:

Post a Comment