Monday, December 14, 2009

လွမ်းမျက်ရည်..ဆုတောင်း

လွမ်းမျက်ရည်တွေ စိုးကျနွမ်းမော
ကောင်းကင်ပြင်မှာ တိမ်ဆိုင်တွေလို
လွင့်မျှောလာလျှက် မင်းရှိနေရာ
သွန်းပါစေသော်….
လွမ်းမျက်ရည်တွေ နွမ်းလျမောပန်း
ရင်မှာဟာတာ ငှက်တစ်ကောင်လို
ပျံသန်းလာလျက် မင်းရှိနေရာ
နားခွင့်ရပါစေသော်….
လွမ်းမျက်ရည်တွေ တစ်သက်မက
ကျဆင်းဆဲမှာ ခွဲရက်စွန့်ခွာ
မင်းလိုမဟုတ် စာနာမယ့်သူ
တစ်ယောက်သောသူရဲ့ ရင်ခွင်ထက်မှာ
ခိုနားခွင့် ရပါစေသော်……


28.3.07
second two
8:15 pm

0 comments:

Post a Comment