စိတ်ကူးယဉ်သည် ကိုယ်ရဲ့ဘဝ
နားလည်မည့်သူ အပူစကို
အေးစေမည့်သူ အအေးကိုမျှ
ဖေးမကူညီ ကြင်နာအားဖြည့်
စကားချိုမြွက် နေ့လရက်ရှည်
ပျော်ရွှင်ကြည်နူး နေဖူးချင်သည်…..
သူကမေ့လျှင် ကြင်နာနောင်ကြိုး
သံယောဇဉ်များ ပို၍တင်းကျပ်
ခံစားချက်များ ပြင်းထန်နေဆဲ
ကာလရှည်လျား…….
အထီးကျန်ဆွေး ဝေးဝေးနေမယ့်
မောင့်နှလုံးသား ဟိုးရှေးရှေးလို
အဝေးကဘဲ လွမ်းပါမည်…..
ရွေ.ရွေ.ဖြတ်သန်း တစ်နေ့နေ့ကို
ကြုံတော့ာကြုံတော့မည် သူနှင်းမည့်လမ်း
ခံစားမူကင်း လျှောက်ခဲ့ပြီလား……
ဘဝတစ်သက် လှမ်း၍ခေါ်ချင်
မသိမဟန် ကြင်နာအကြည့်
မျက်တောင်ခတ်တော့ နားလည်ပါပြီ
ဒီတစ်သက်တော့ အဖော်အဖြစ်
် မခေါ်ရက်ပါ နေလိုရာနေ
ပျော်လျှက်စေရာ နေပါတော့…..
သံယောဇဉ်များ
အကြည့်တစ်စုံ မျက်ဝန်းနှယ်နှင့်
တွယ်ငြိတွယ်ဟန် တမ်းတမောစိတ်
မေ့မျက်ဝန်းမှာ ထင်ဟပ်ဆဲ……
ဒါပေမယ့်လည်း စိတ်ကူးယဉ်မိ
အတူတကွ အပူမျှလျှက်
ဘဝတစ်ခု တည်ဆေက်ချင်သည်……
18.1.07
Second two
0 comments:
Post a Comment