Saturday, December 19, 2009

နေ့ရက်များစွာ....

အုတ်ခဲရင့်ရောင် ဆီငွေ့ဖြာတင်း
ပုံစံကျိုးပျက် ခွက်လေးတွေနဲ့
ထိုင်ခဲ့ဖူးတဲ့ နေရာများစွာ...

တမ်းတနေလည်း ထိုအချိန်ကို
ဘယ်သူသိလို့ ဘယ်သူသိမှာလဲ
တနယ်တွေဝေး ဝေးကာဝေးလို့
မိုင်ပေါင်းရာချီ ဝေးနေကြတဲ့
အနာဂတ်များစွာ....
အဓိပတိလမ်း ပုံပြင်ဟောင်းနှင့်
ိထိုင်ခဲ့ဖူးတဲ့ နေရာဟောင်းတွေ
သူတစ်ပက် ကိုယ်တစ်ပက်နဲ့
ချင်းတွင်အိမ်ရဲ့ အရိပ်အောက်....

ကျောင်းအိုဆောင်ရယ် ကဘော်ခန်းနှင့်
ဆုံဆည်းခဲ့တဲ့ ရေလည်ကျွန်းရယ်
လက်တွေတွဲကာ လျှောက်လှမ်းခဲ့ကြ
အိမ်အပြန်ခရီးလမ်း အမှတ်တရနေ့ရက်တွေ
တစ်ခေါက်ပြန်လို့ ရောက်ချင်စမ်းတယ်
ကျောင်းဆောင်တွေနှင့် သူငယ်ချင်းများရယ်...

11;40 pm
second two

2 comments:

မိုးခါး said...

သူငယ်ချင်းတွေနဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်ဘူးတဲ့ ငယ်ငယ်က အချိန်ကို တကယ်ပဲ လွမ်းမိတတ်တယ် ..
ခုကတော့ မတူတော့ဘူးလေ

မိုးခါး said...

အောက်က word verification ကို ဖြုတ်ပေးပါလား ဟီး .. ရိုက်ရတာ ပျင်းလို့ :D

Post a Comment