Sunday, December 20, 2009

ဆုံဖြတ်ခွင့်....

နှောင်းကအသိ တရွေ့ရွေ့နှင့်
အမှတ်တရ ဖြစ်စေသော
အမှတ်တမဲ့များသာ
ပွင့်လန်းဝေဆာ မေ့မရပါ.....

လရည်လူးကျံ တထိန်ထိန်နှင့်
ဆွဲငင်ညို့နှောင် ကြယ်ပွင့်များစွာ
သူ့နှလုံးထံ ဝင်ရောက်ခစား
ငါ၏နွေများ ကျဆုံးရ၏.....

ပြတ်တောက်လုဆဲ နှောင်ကြိုးတစ်မျှင်
ဝေဒနာအကြည့် မျက်ဝန်းတွေက
လှောင်ပြောင်နေဆဲ...

စဉ်စားစေချင် တစ်ခုခုကို
ဆုံးဖြတ်နိုင်မလား တစ်ခုခုသာ
သိခွင့်ရချင် ကိုယ့်ကို
ချစ်သလား...
မုန်းသလား....

0 comments:

Post a Comment