Monday, December 14, 2009

ထားရက်ခဲ့လျှင်…

ဆင်းရဲဒုက္ခ ဝေးကွာခြင်းရဲ့
ဝေဒနာကို ပေးရက်ခဲ့သူမေ..
ပြောပါရစေ သူသိပါလေ
ရင်ကအချစ် တကယ်တမ်းဆို
ကိုယ့်ဘဝနဲ့ တသက်တာလုံး
မေ့အတွက်လေ ပေးဆပ်ခဲ့တာ
မေလည်းသိမှာပေါ့…
ခွဲမည့်ရက်က ဆတ်ဆတ်နာကျင်
ရင်ကနှလုံးသား ကြွေကျသွားလား
ထင်ရလောက်အောင် အတိတ်ဝေဒနာနှင့်
ထားရစ်ခဲ့သူမေ….
ဝေးကြီးဝေးလို့ တားဆီးကန့်လန့်
ဘဝနှစ်ခုကြား တွယ်တာမူရဲ့
သံယောဇဉ်များ ပြတ်တောက်ခဲ့ပြီလား..
ရွက်ခြောက်ပွင့်ကြွေ ကြွေသော်ငြားလည်း
ပေးဆပ်ရင်မှာ ဆပ်ပြီးသားမို့
ကောက်ရဖို့က မဖြစ်နိုင်သော်လည်း
ဘဝနှစ်ခု အတူတွဲလို့
တစ်စက္ကန့်မျှ အတူနေခွင့်ရလျှင်
ရင်မှာကျေနပ် နှစ်သိမ့်မည်….
SECOND TWO
12.12.07 ( 3;38 AM )

0 comments:

Post a Comment