Thursday, December 31, 2009

အလွမ်း


တကယ်ဆိုရင် ခံစားရတာ
ကိုယ်ဘဲသိသည်...

မညာဘူးခင် တကယ်တကယ်
ရင်ကအဆူ အလွမ်းပူကို
ထိန်းချုပ်နိုင်ဖို့ မလွယ်ဘူးခင်...

ချစ်ဖူးရင့်ငုံ အချိန်တန်ပွင့်
လွင့်ကြွေရမှာ သဘာဝဘဲ
မဟုတ်လားခင်...

ရင်မှာပူမြိုက် အလွမ်းပူတွေ
နေမင်းဆယ်ဆူနှင့် 
နှိုင်းလို့ရမလား...
မြင်လျှက်မကြည့် သိလျှက်မလာ
မသိသလိုသာနေ နေနိုင်ရက်လား..


စိတ်ကောက်ပြေလှည့် အငြိုးပြေလျော့
ခင်မျက်နှာလေး မြင်ချင်စမ်းဘိ
ခင်မျက်ဝန်းလေး ကဲ...ကဲ...ထားပါ
မောင့်အဆိုးပေါ့ စိတ်ပြေတော့နော်
နော်...နော်...နော်...လို့
ပြုံးမော့နူတ်ခမ်း ခင့်အနမ်းနဲ့
အလွမ်းပူတွေ ငြိမ်းအေးပါလှည့်...


Second Two
9.9.09
7:15 pm



0 comments:

Post a Comment