မေ့ပြီလားကွယ်
ဘယ်တော့ဖြစ်ဖြစ် အရိပ်ဝိုးထင်
ရင်ခွင်ရိုင်းမှာ မငြိမ်းသာတဲ့
သောကမီးတောက် ကျွှမ်းလောင်ထင်…
လွမ်းသစ်တွေထပ် မေ့မှာစိုးလို့
အမှတ်တရ အနမ်းပွင့်များ
ခြွေခဲ့တာလည်း မနည်းဘူးတကယ်…
ပျော်ရွှင်ချိန်များ ပြန်စဉ်းစားရင်း
အတွေးပုံရိပ် ပြတ်သားလာဆဲ
ရင်ကနှလုံးသား နာကျည်းကျန်ဆဲ…
ရင်ခုန်မွတ်သိပ် အနမ်းပွင့်တို့
ဒီလိုချိန်မှာ မျှော်လင့်မဆုံးမျှော်မိသည်…
ကြိုးစားဖြေလျော့ အလွမ်းပန်းတို့
ဟိုးအတိတ်မှာ ကျန်ခဲ့သော်လည်း
ဝေဒနာဟောင်း ဒဏ်ရာတွေများ
ရင်မှာနုသစ်ဆဲ……
လှောင်ပိတ်ကျွှမ်းလောင် အတွေးစက်တို့
အိပ်မက်ချည်းပင် ဖြစ်ရလေအောင်
ရင်ကနှလုံးသား မေနှိပ်စက်သည်…
လရောင်မျှင်တန်း အလင်းပမာ
ဝေးကြီးဝေးလည်း ဝေးရက်က
မြင်ရသည့်လမင်း ပင့်သက်အရှိုက်
ရင်တဖို့မှာ ကာလဘယ်လောက်ကြာချင်ကြာ..
မျှော်လင့်ခြင်းနှင့် ဆင်းရဲခြင်းတို့
ဘာသာညည်းဆဲ စွဲလမ်းရစ်မူး
မင်းအပြုံးများ အိပ်မက်အဖြစ်
ကျန်ရစ်ခဲ့လျှင် ရင်မှာကျေနပ်သည်…
ဘဝနှစ်ခု သိပ်သည်းကြီးမား
ထုထည်တွေကြား ရင်ဆိုင်ကျော်လွှား
ကွာကြီးကွာလည်း ပင်သက်အရိုက်
လေအမူတ်မှာ ဘဝနှစ်ခု
မဆုံသာလည်း တွေ့ချင်သည်….
Second two [1.4.07]
0 comments:
Post a Comment