Monday, December 14, 2009

အပြောင်းအလဲ



မချိန်းမဆို ရောက်ခဲ့မိပြန်
ထိုင်ခုံနေရာ ကိုယ်ဦးထားလို့
ချစ်သူမေနှင့် နှစ်ကိုယ်တူယဉ်
ထိုင်ရန်အတွက်…
ချစ်သူမေရောက်လျှင်
စိတ်ကူးချိုချို အတွေးလေးတွေ
ဖွင့်ဟပြောဖို့ ရင်တထိတ်ထိတ်
မျော်နေလှပေါ့…
ဟိုးဝေးလှမ်းကြည့် လာမှလာပါ့မလား
မျှော်တငေးငေး သူဘဲလားလို့
ထင်ရောင်မှတ်မှား ငဲ့ကြည့်မိတယ်
သူမှသူပါ လှမ်းလို့လျှောက်လာ
ကိုယ့်အနားလေ ထိုင်ရန်ဟန်ပြင်ခိုက်
ဒီအချိန်မှာ လက်တစ်ဖက်ကို
ရိုက်ချလိုက်တဲ့ နာကျင်ခြင်းကြောင့်
စိတ်ကူးထွေပြား လှည့်ကြည့်မိသော်
သြော်….
ငါ့မိန်းမနဲ့ အတူအိပ်နေတာပါလား…
20.3.07 11း45 PM
SECOND TWO

0 comments:

Post a Comment