Friday, January 1, 2010

အသိတစ်စုံ

ရင်မှာကဗျာ မဆိုချင်ဘူး
ရင်မှာအလွမ်း မဆိုချင်ဘူး
တကယ်တကယ် ပြောမှသိလား
သိမှာလားလို့ မေးချင်စမ်းတယ်...

အလွမ်းဆိုသောဒဏ်ရာ
ခံစားဖူးမှ သိနိုင်မှာပါ
သူ့အတွက်ဆိုရင်ပေါ့...

ရင်မှာအိပ်မက် အတွေးစက်တွေ
နှိပ်စက်လို့ နေဦးမလား
သိချင်မိတယ် အတွေးတစ်ခု
သူအတွက် မရေရာသော်လည်း
ရေရာတဲ့ အတွေးတစ်ခု
ခံစားမိတဲ့ နှလုံးသားတစ်စုံ
ခံစားနားလည်ပေးနိုင်မလား
အသိတစ်စုံ သူသဘောပါ...


second two

0 comments:

Post a Comment