Thursday, March 18, 2010

အမှတ်တရ ဒဏ်ရာများ

စိတ်ကူးထွေပြား အတွေးလေးတွေ
ဟိုးအတိတ်ဟောင်း ပျော်၇ွှင်ချိန်များ
ပြန်စဉ်းစားလို့ ရင်မှာလိုက်ဖိုဆဲ.....

ရင်ကဒဏ်ရာ စဉ်မြဲနှိပ်စက်
နှစ်ပေါင်းကြာရှည် ရှည်ကြာခဲ့ပြီ
ထိန်းချုပ်နိုင်စွမ်း မေ့နိုင်ဖို့ရယ်
ကိုယ်တိုင်ကြိုးလို့ မေ့နိုင်ဖို့လေ 
မြဲစဉ်အမြဲ  ကြိုးစားမိတယ်.........
                               
မေ့ချင်သော်ငြား အမေ့ခက်တဲ့
တို့လူငယ်ပွဲ အမှတ်တရ
အမှတ်တရတွေ ရင်မှာလောင်ကျွမ်း
ဟိုးဝေးရောက်မှ ပါဝင်ခဲ့ချင်
လက်တွဲချင်လည်း စိတ်ကူးအတွေး
အိပ်မက်သာဖြစ် အိပ်မက်ထဲတွင်
ပျောက်ဆုံး၇၏
နောင်လာနောက်သား လူငယ်တွေများ
သိစမ်းစေချင်   ဟိုးအဝေးရောက်
လူငယ်တစ်ဦး၏ ရင်တွင်းဖြစ်......

မွေးရပ်မြေကို ဝေးကာစွန့်လို့
ခွဲရသော်လည်း အိပ်မက်ထဲကအိပ်မက်
စိတ်ကူးထဲက စိတ်ကူးတွေနဲ့
လူငယ်ဘဝ လှုပ်ရှားချိန်တွေ
ပါဝင်ခွင့်ရခဲ့ရင်ဖြင့် မွေးရပ်မြေကို
တခေါက်ပြန်လို့ တို့လူငယ်တွေ
ဆုံဆည်းစို့ရယ် အောင်မြင်တဲ့ခြေလှမ်း
တူယှဉ်တွဲကာ အိပ်မက်တွေရယ်
ဖော်ထုတ်ကြမယ် C.Y.A ရဲ့အားမာန်များ...

သို့ပေမယ့်လည်း စိတ်ကူးချိုတွေ
အိပ်မက်ထဲကအိပ်မက် စိတ်ကူးထဲကစိတ်ကူးသာပင်
မွေးရပ်မြေခြား ရောက်နေသောငါ့အား
ဘယ်သူပို့ဆောင်ပေးလိမ့်မလဲ.....
 

ဟိုးအတိတ်ဟောင်း
ဆုံဆည်းခဲ့ချိန် တူယှဉ်တွဲလို့
လှုပ်ရှားခဲ့ချိန် ပြန်လည်တွေးရင်း
ဘယ်သူ.မှမသိခဲ့သော လူငယ်တစ်ဦးရဲ့
ရင်ထဲက အမှတ်တရ
ဒဏ်ရာတွေများ...

SECOND TWO
1:50 am
13.4.09

0 comments:

Post a Comment