Tuesday, March 16, 2010

ဆောင်းအိပ်မက်

တကယ့်တကယ်
တွေးစမ်းကြည့်တော့
မဟောင်းတဲ့အိပ်မက်
ညတွေများမှာ
အတွေးစိတ်က
လွမ်းရိပ်မောလာ
ဒီအချိန်ရောက်မှ
တမ်းတ မိတယ်...

ဘဝတွေခြား
ခြားခဲ့ရပြီမို့
မဖြစ်နိုင်တဲ့
ဘဝနှစ်ခု
ဆုံဆည်းဖို့ရာ
ဆောင်းအိပ်မက်ရယ်
နွေတလှည့်ပြန်လို့
ကွယ်ပျောက်လှည့်ပါ...

3.1.08
3;44 am
second two

1 comments:

zoliapaal said...

အရမ်းကောင်းတာပဲ သူငယ်ချင်း အားပေးပါတယ်။

Post a Comment