Saturday, May 29, 2010

မေ့လိုက်ချင်တယ်

အချစ်ရယ်...
ပုန်းရှောင်ခြင်းဆိုတဲ့
အတ္တစကားလုံးကို
ဘယ်လိုရင်ဆိုင်ရမှာလဲ...

အချစ်ရယ်...
လွမ်းမောခြင်းဆိုတဲ့
ဝေဒနာစကားလုံးကို
ဘယ်လိုရင်ဆိုင်ရမှယလဲ...

အချစ်ရယ်...
ပေးဆပ်ခြင်းဆိုတဲ့
အချစ်ရဲ့ လက္ခဏာကိုရော
ဘယ်လိုရင်ဆိုင်ရမှာလဲ..

အချစ်ရယ်...
သေချာတာတစ်ခုကတော့
ငါ့ကိုသင်ပေးပါ...
နင်ထားခဲ့သမျှ အမှတ်တရတွေ
မေ့တတ်အောင်လို့...

Second Two
4:57 pm
05.28.10

1 comments:

Unknown said...

ကဗျာတွေအရမ်းမိုက်တယ်ကွာ။ကောင်းလည်းကောင်းတယ် ကောင်းလွန်းအားကြီးလို့ဘယ်လိုပြောရမှန်းမသိတော့ဘူး။အားပေးတယ်နော်။တစ်နေ့တစ်ခေါက်တော့ရောက်ဖြစ်မယ်ထင်တယ်နော်။အားရင်လည်းဖိတ်ခေါ်ပါတယ်နော်။

Post a Comment