Saturday, June 26, 2010

ရှိပါစေ

ကျန်နေသူ ရင်ထဲက
အလွမ်းသံ တဖက်သတ်
ဒဏ်ရာသာ သိပါစေ
သိစေတော့ သိပါစေလို့...

ကဗျာတစ်ပုဒ် ဖွဲ့သီမိ
နူးညံ့ခြင်းလား ကြေကွဲခြင်းလား
လွမ်းမောခြင်းလား ပြန်လာမယ်
ဆိုတဲ့အတွေး ဂတိစကား
ကြားနေယုံသာ....

ဝင်လာဖို့လေ ကြောက်ရွံနေလား
အမှောင်ဘဝ ရင်ခွင်သစ်ထဲ
ကိုယ်ရဲ့ဘဝ သိပါတယ်လေ
အပူမီးဝင်တိုးမိတဲ့ ပိုးဖလံလို
ရှိပါစေတော့ ကိုယ့်ဘဝကိုယ်သာ..

1:15 pm
05.11.2010
Image and video hosting by TinyPic

1 comments:

ywartharlay-ytu said...

ဒီကဗျာလေးကို နှစ်သက်မိပါတယ်
ထိရှလွယ်တဲ့သူ ခံစားလွယ်တဲ့သူ သံယောဇဉ်ကြီးတဲ့သူတယောက်မို့
ကတိစကား မပြောသွားပေမယ့်

ကိုယ့်ဘ၀နေရာမှာ ရပ်ရင်း ရှိပါစေတော့လို့ ရေရွတ်မိတာ အကြိမ်ကြိမ် မို့ပါ

Post a Comment