Wednesday, April 20, 2011

မြစ်လယ်မှာ ချစ်လှယ်တုန်းက

မြစ်ရေပြင်လှေလူးလို့
ချစ်ဦးမယ်နဲ့မောင်
ပန်းခူးရအောင်။
လမင်းကလှောင်- ကြယ်ပြောင်ကပြုံး
ညဉ့်ဦးကဗျာတည်တဲ့
ငှက်ပလီခြုံနွယ်ရိပ်မှာ
တိတ်တိတ်ကွယ်ပုံး။ ။

လေအေးကခုန်ပျံ
ကြင်ဦးရင်မှာမှီလို့
ဆိုတေးဂီမြစ်တရိုးမှာ
စိုးတဲ့အသံ။
လှပသည့်ကာရံ၊ ပန်းမာလ်မှာနား
လဝန်းတိမ်မှာကွယ်တော့
မြစ်လယ်မှုန်ဝါး။ ။

လဝန်းတိမ်မှာကွယ်
မြစ်ယံလယ်မှုန်တဝါးမှာ
ရှက်အားကကြွယ်။
တက်ရေးဆန်းကြယ်၊ ကမ်းစွယ်ရိပ်အကွေ့
ကြက်သီးတလှိုင်လှိုင်ပ
မယ့်သက်ပိုင်ချိုနှလုံးရယ်
ပြုံးတထေ့ထေ့။ ။

ကမ်းဆီကိုဝိုက်ကွေ့လို့
တရွေရွေ့စိုက်စိုက်လာ
တက်ပန်းကဖွာ။
ရွာဦးမှာစေတီမြတ်မြင့်မား
ဗျာဒိတ်တလွင်လွင်မို့
လည်ယှက်တင်ပျော်ပုံသစ်ရအောင်
ချစ်သက်သေထား။ ။

ကြည်အေး

0 comments:

Post a Comment