Wednesday, April 22, 2015

အတိတ်သို့တမ်းခြင်း

တောင်​စွယ်​မှာ ​နေကွယ်​လို့...

တိမ်​ညှိ​တွေ ပြိုလာခဲ့ပြီ...

ဝေဟင်​မှာ ငါ့စိတ်​​တွေက..
ပျံလွှားငှက်​​တွေနဲ့အတူ...
ဦးတည်​ရာမဲ့...ပျံဝဲလို့...

လမင်းဥ​ပေက္ခာပြုခံ ရတဲ့ည...
ကြယ်​​တွေကို ​မျော်​ကြည့်​ရင်း..
ငါဖြိုချခဲ့တဲ့ သက္ကရာဇ်​​တွေထဲ...
အလည်​တစ်​​ခေါက်​​ရောက်​ခဲ့ပြန်​တယ်​..

သူမကို သတ္တိမဲ့စွာ..
မြတ်​နိုးချစ်​ခဲ့တယ်​....
(ဖွင့်​​ပြောရဲ တဲ့သတ္တိမရှိလို့)

လေ​​ပြေတိုးတဲ့ စကားသံ​လေးနဲ့
သူမရဲ့ အပြုံး​ဟာ...ကျ​နော်​ မျက်​ဝန်း
မှာ တွဲခို​နေဆဲ...ပါ..

နှလုံးသားကို သံလမ်းခင်းပြီး
ဥသြဆွဲ ချင်​ ယုံ သက်​သက်​နဲ့
သံ​ယောဇဉ်​​တွေ ခုတ်​​မောင်းလာ
ခဲ့တာ မဟုတ်​ဘူး...​မေ

အခု​တော့....

အကြင်​နာ​တွေပိုက်​ပြီး...
အ​ပြေးနှင်​လာခဲ့ချင်​​ပေမယ့်​...
ကြိုဆိုသူမဲ့​နေ...ခဲ့ပြီ...​လေ

လမိုက်​ညရဲ့ အ​မှောင်​ထု​အောက်​မှာ
အထီးကျန်​ဆန်​ရင်း...
ကြယ်​စင်​​တွေကို ငါ မုန်းတတ်​​နေပြီ..

အချိန်​​တွေ ကုစား​ပေးသွားလိမ့်​ဆိုတဲ့
စကားသံ ​​အောက်​မှာ...
ရီ သံ ခပ်​သဲ့သဲ့ ​လေးကလွဲလို့.....
ငါ့နှလုံးသားကို ​တောင်​..ငါမပိုင်​​တော့ပါဘူး​လေ....

Chin Lay



0 comments:

Post a Comment