တောင်စွယ်မှာ နေကွယ်လို့...
တိမ်ညှိတွေ ပြိုလာခဲ့ပြီ...
ဝေဟင်မှာ ငါ့စိတ်တွေက..
ပျံလွှားငှက်တွေနဲ့အတူ...
ဦးတည်ရာမဲ့...ပျံဝဲလို့...
လမင်းဥပေက္ခာပြုခံ ရတဲ့ည...
ကြယ်တွေကို မျော်ကြည့်ရင်း..
ငါဖြိုချခဲ့တဲ့ သက္ကရာဇ်တွေထဲ...
အလည်တစ်ခေါက်ရောက်ခဲ့ပြန်
သူမကို သတ္တိမဲ့စွာ..
မြတ်နိုးချစ်ခဲ့တယ်....
(ဖွင့်ပြောရဲ တဲ့သတ္တိမရှိလို့)
လေပြေတိုးတဲ့ စကားသံလေးနဲ့
သူမရဲ့ အပြုံးဟာ...ကျနော် မျက်ဝန်း
မှာ တွဲခိုနေဆဲ...ပါ..
နှလုံးသားကို သံလမ်းခင်းပြီး
ဥသြဆွဲ ချင် ယုံ သက်သက်နဲ့
သံယောဇဉ်တွေ ခုတ်မောင်းလာ
ခဲ့တာ မဟုတ်ဘူး...မေ
အခုတော့....
အကြင်နာတွေပိုက်ပြီး...
အပြေးနှင်လာခဲ့ချင်ပေမယ့်.
ကြိုဆိုသူမဲ့နေ...ခဲ့ပြီ...လေ
လမိုက်ညရဲ့ အမှောင်ထုအောက်မှာ
အထီးကျန်ဆန်ရင်း...
ကြယ်စင်တွေကို ငါ မုန်းတတ်နေပြီ..
အချိန်တွေ ကုစားပေးသွားလိမ့်ဆိုတဲ့
စကားသံ အောက်မှာ...
ရီ သံ ခပ်သဲ့သဲ့ လေးကလွဲလို့.....
ငါ့နှလုံးသားကို တောင်..ငါမပိုင်တော့ပါဘူးေ
Chin Lay
0 comments:
Post a Comment