ငါ့နားရက်...မနက်မိုးလင်းလို့ မျက်လုံးဖွင့်လိုက်တယ်..ဖုန်း screen ကြည့်လိုက်တော့ ၁၀နာရီ ကျော်ကျော်သာ..
နံနက်ခင်းကို နင့်ရဲ့
မောနင်း စကားလေးတစ်ခွန်းနဲ့..အစပြုချင်ခဲ့တာ..ပါ
မိန်းခလေး..
ဖြစ်ခွင့်မရှိဘူးလေ...
ဘယ်ဆီဘယ်ရပ်ရောက်နေမှန်းမသိတဲ့ နှလုံးသား
က ဒီရင်ဘတ်စုတ်ကြီးမှာ
လာမကပ်ပြန်ဘူး...
မိန်းခလေးရယ်...
ငါ့နေ့ရက်တိုင်းပြည့်စုံဖို့အတွက်..
ငါ့ပါးပြင်ကို..အနမ်းတွေချေးငှါးစမ်းပါ..
ငါဆက်ဆက် ပြန်ဆပ်ပါ့မယ်..
တစ်ကိုယ်ရေ လွမ်းဆွတ်မှု့ကို မြစ်ဖျားခံရင်း အထီးကျန်ခြင်းနဲ့ တဝဲဝဲ
လည်နေတဲ့ နှလုံးသားကို..
အမိရ ဖမ်းဆုပ်ပေးစမ်းပါကွယ်..မိန်းခလေး
ငါတောင်းဆိုချင်တာ..
အချစ်နှစ်ခုနဲ့ ဘဝတစ်ခု
တည်ဆောက်ပြီး..ရှေ့ဆက်..
သြော်..ငါ အဖန်ဖန် အိပ်မက်တွေ ဆက်မက်နေပါလား..
Chin Lay
0 comments:
Post a Comment