Monday, December 14, 2009

ယုံကြည်ပေးပါ

ရင်ထဲမှာ မျှော်လင့်တာလည်း
မေကြောင့်သာ…
ရင်ထဲမှာ ကြေကွဲတာလည်း
မေကြောင့်သာ…
ဘဝတစ်ခု တူတည်ဆောက်ချင်
လက်တွဲခဲ့ဖူးတဲ့ အရာလေးတို့
တိတ်ဆိတ်ငြိမ်းသုန် သွားခဲ့ပေမယ့်
အတိတ်ဟောင်းတွေ ခုချိန်ထိတိုင်
မမေ့နိုင်ခဲ့တာ အမှန်ပါ….
ဘဝဆိုတဲ့ တိုက်ပွဲတွေကြား
စိတ်ကူးယဉ် တည်ဆောက်ခဲ့မိတဲ့
တိုက်အိမ်လေး လေထဲကတိုက်အိမ်
ဖြစ်ခဲ့ရပြီ…
အရာတွေ ဘယ်လောက်ပြောင်းပြောင်း
ရင်ထဲက မေ့ရဲ့ပုံရိပ်ဟောင်းမသွားဘဲ
တွေ့ဆုံချိန်စ ချစ်ခဲ့ချိန်လို
ရှိနေမှာတော့ ယုံကြည်ပေးပါ….

SECOND TWO
8.12.07

0 comments:

Post a Comment