Monday, December 14, 2009

သစ္စာပန်းရဲ့ ဒဏ္ဍာရီ

စိမ်းရင့်နေတဲ့ သစ်ရွက်လေးတို့
လေတိုက်သောခါ လှုပ်ရမ်းနေစဉ်
ရင်ခုန်ခဲ့ရ 16 နှစ်ရွယ်ကလေးဘဝ..
အဓိပတိလမ်း နေရာဟောင်းနှင့်
ချန်ရစ်ခဲ့တဲ့ အနမ်းခြေရာတွေ
ဒီအချိန်ထိတိုင် မောင့်ရဲ့ရင်မှာ
အမှတ်တရ ရှိနေဆဲလေ…
သစ္စာတရား ဦးထိပ်ထားပြီး
မေနဲ့အတူ ကတိထားခဲ့
ချစ်သူ့လက်ဆောင် အမှတ်တရ
ဒိုင်ယာရီစာအုပ်ထဲ သစ္စာပန်းတို့
ပြားချပ်သွေ့လျော် နေပေမယ့်လည်း
နေပေမယ့်လည်း မေ့ကိုယ်နံ့သင်း
ပြန့်နေသေးလား အောက်မေ့ရအောင်
ခုချိန်ထိတိုင် ကြည်နူးဆဲလေ
မေ ချန်ရစ်ခဲ့ပေမယ့်….

SECOND TWO
8.12.07 3;03 AM

0 comments:

Post a Comment