Monday, December 14, 2009

အသစ် ( ၂ )

နှင်းပွင့်ပိတ်နှင်း နှင်းမှောင်ကြသော်
ဒီဇင်ဘာမှာ ချမ်းအေး၏….
ပုရစ်ဖူးရစ် အော်မြည်သံများ
ရင်ကရင်တွင်း အချမ်းစိမ့်ကို
ပို၍အေးစေသည်…..
တစ်ချက်တစ်ချက် လွမ်းတေးညည်းသံ
ကြားရချိန်တိုင်း အတိတ်ဒဏ်ရာ
ဝေဒနာကို ပို၍နာကျင်စေသည်….
သြော်… မေ့ချင်သော်ငြား
မေ့မရနိုင် ဒီဇင်ဘာရဲ့
ညချမ်းကာလ မေ့ရဲမျက်နှာ
မြင်ယောင်မိဆဲ…
သတိတရ မေတ္တာဆုတောင်း
ကြားနိုင်ပါစေ အဝေးကမေ
ပျော်ပါပျော်ပါ လွတ်လွတ်လပ်လေ
အသစ်သောသူ မင်းယောက်ျားနဲ့..

SECOND TWO
3.1.08 (3;44 AM)

0 comments:

Post a Comment