Monday, December 14, 2009

ပြန်ခဲ့…

အိပ်မက်ညတွေ ခြောက်လှန့်နေဆဲ
ဟိုးအရင်တိတ် ပြန်တမ်းတလို့
လွမ်းမောနေဆဲ….
အဝေးထွက်ခွာ ချစ်သူမေရယ်
နွေတလှည့်ပြန်လို့ ဆောင်းအိပ်မက်ရယ်
ကွယ်ပျောက်စဉ် ပြန်လာဖို့လေ
သတိရလေမလား မလွမ်းရဲသေးတဲ့
မောင့်ရင်ခွင် ပျော်ရွှင်ခဲ့ချိန်တွေ
ပြန်တမ်းတလို့ နာကျင်ဆဲဒဏ်ရာတွေ
ကုစားပေးဖို့ မေရယ်
ပြန်ခဲ့ပါကွယ်…..

SECOND TWO
2.8.08 ( 12;6 AM )

0 comments:

Post a Comment