Monday, December 14, 2009

ဘဝဆိုတာ…

သြော်…
ဘဝဆိုတာ ဒီလိုပါလားလို့
ကြည့်လိုက်တော့ ခန္ဓာကိုယ်က
အကြောတွေပြေလျော
အရုပ်ကြိုးပြတ် လဲကျချိန်…
သြော်…
ဘဝဆိုတာ ဒီလိုပါလားလို့
သိချိန်ကတည်းက
အားတွေပြန်တင်း လောကပြင်ထဲ
လမ်းထလျှောက်ဖို့ ပြင်နေချိန်ပေါ့..
သြော်…
ဘဝဆိုတာ ဒီလိုပါလားလို့
ဆိုစမှတ်တွေ ရှိခဲ့လို့
ရုန်းကန်လှုပ်ရှား ကြိုးစားရဖို့
အခြေအနေတွေ ဖြစ်လာမှတော့
ဘဝသစ်တစ်ခုကို ချီတက်လို့
အောင်မြင်မှုက ငါ့ကို
ရှေ့မှာ ဆီးကြိုဆဲ…

SECOND TWO
4.3.07 (11;10 PM )

0 comments:

Post a Comment