Monday, December 14, 2009

အမေ့ပြုံး

ဘဝလှိုင်းဒဏ်ကြား ကျော်ကာဖြတ်ဖို့
မကြောက်တယ် ဒီအပြုံးရှိလျှင်…
အေးစက်တဲ့ ဒုက္ခတွေကြား
ကျော်ကာလွှားဖို့ မကြောက်တယ်
ဒီအပြုံးရှိလျှင်….
သူ့အပြုံးရှိတဲ့ နေရာတိုင်း
ရင်ဆိုင်ဖို့ ခွန်အားတွေ အသင့်ကွယ်
အားအင်တွေလည်း သူပေးတယ်
သူ့အပြုံးရယ်…
သူ့အပြုံးမရှိတဲ့ နေရာတိုင်း
ဘဝခရီးတွေ အဖော်မဲ့ခဲ့
တစ်ယောက်တည်း လျှောက်ခဲ့ရတဲ့
အချိန်တွေတိုင်း အားအင်ကုန်ဆုံး
လမ်းကြောင်းလွဲမှား သူ့အပြုံး
ကွယ်ပျောက်ချိန်…..
အပြုံးစစ်တစ်ခုရဲ့ ပက်လက်ကုလားထိုင်ပေါ်
ထိုင်နေတဲ့ အမေ့ရဲ့အပြုံး….

SECOND TWO
1.4.07

0 comments:

Post a Comment