Monday, December 14, 2009

အစအန..

တေးဆိုတဲ့ငှက်လို
မဆိုသာပေမယ့် ဥသြငှက်လို
တွန်ကျူးတတ်ပါသေးတယ်..
တကယ်ဆိုရင် ပြီးဆုံးခြင်းဆိုတာ
ဘဝတစ်ခု ဖြစ်တည်ဖို့
အစဘဲ မဟုတ်လား….
သြော်..
လူ့ဘဝ လူ့လောက
ဒါအစ ဒါအနဆိုတာ
သိပြီဆိုရင်
ရဲဝံ့တဲ့ ခြေလှမ်းတွေ
သင့်နှလုံးသား
ပိုင်ဆိုင်လာလိမ့်မယ်…..

SECOND TWO
15.3.07 ( 9; 34 PM )

0 comments:

Post a Comment