Wednesday, December 23, 2009

ပြယ်ပါစေ

တစ်ပင်တစ်ကိုင်း တစ်ကိုင်းတစ်ခက်
တစ်ခက်တစ်ညှာ တစ်ညှာတစ်ပွင့်
တစ်ပွင့်တစ်လွှာ ပွင့်လွှာကိုမှ
မြတ်နိုးမိပါသည်...
ဆွယ်တော်ရွက်လို နှစ်လွှာပေါင်းတစ်ရွှက်
စဉ်မြဲတွဲကာ ဘဝနှစ်ခု
လက်တွေတွဲလို့ နေဖူးချင်ပါသည်...
ဤသစ္စာစကား မှန်သည်ရှိသော်
သူဖြေမည့် တစ်ခွန်းစကား
ချစ်၏ကြင်၍ အပူငွေ့တွေ
ပြယ်ပါစေ....

second two




0 comments:

Post a Comment