Wednesday, December 23, 2009

တောင်းဆု

တွယ်တာသမျှ စုန်ရေထဲတွင်
မျှောပါ ပါစေ...
လွမ်းမိသမျှ စုန်ရေထဲတွင်
မျှောပါ ပါစေ...
စေ...စေ...စေ...ဖြင့်
ရင်မှာသက်သေ တောင်းဆုခြွေလည်း
သံယောဇဉ် အမျှင်တစ်တန်း
တွဲတန်းလန်းနှင့် လွမ်းအောက်မေ့ရာ
နေရာများစွာ ရက်မှနှစ်တိုင်
ကုန်လွန်နေလည်း မြင်မိမြင်ယောင်
ပုံရိပ်ဟောင်းများ လွမ်းမောမိရာ
ဟန်ဆောင်မှုကင်း မုသားမပါ
သူ့အပြုံးသာ ဆန်ရေအဖြစ်
ကျန်ရစ်စေ...

; 6;40pm
21.6.09 
second two

0 comments:

Post a Comment