Monday, December 14, 2009

ပြန်ခဲ့မည်…သူ့ဆီ…

ချစ်တတ်ဆိုတတ် စကားချိုတွေ
မြွက်ဆိုတတ်သော ချစ်သူခင်
ပြောပါရစေ မေမကြားနိုင်ပေမယ့်
ဒဏ်ရာရုပ်ကြွင်း ဟိုရှေးရှေးလို …
တဆွေးတမြည့် ကျန်ရစ်လိမ့်မည်
မေ့ရဲ့မျက်ဝန်း ညိုမျက်ဝန်းထံ
အကြည့်တစ်စုံ ကမ်းလှမ်းလာလျှက်
ထာဝစဉ်အမြဲ လက်တွဲသွားမယ်
အေးတူပူမျှ စိတ်ကူးလေးတွေ
ထားခဲ့ဖူးတဲ့ ကတိများ
တားဆီးထားတဲ့ ပင်လယ်တွေကြား
အဝေးကြီးဝေးလို့ မောင်မနေတတ်ပြီ..
မေနဲ့နီးဖို့ အမြန်ဆုံးပြန်လာမည် ချစ်သော မေ့ရဲ့ထံဆီ…. Second two 1;15 am 15.2.09

0 comments:

Post a Comment