Monday, December 14, 2009

သူမသိခဲ့သော…



ွ မသဲကွဲပုံရိပ် တစ်ခုရဲ့အောက်
သူမသိခဲ့ အချစ်စိတ်များ
ဒီရင်ထဲမှာ သိမ်းဆည်းခဲ့တာ
နှစ်ပေါင်းကြာညောင်း ကြာရှည်ခဲ့ပြီ…
တစ်ခုသောည လပြာရောင်အောက်
ချစ်စကားတွေ မဝေခဲ့ကြဖူးပေမယ့်
တူနေခဲ့စဉ် အုံ့ပုန်းအချစ်
ပုန်းကွယ်နေခဲ့ ကာလတာရှည်မျှော
သူမသိခဲ့သော….
ရင်မှာဆူးသော ဒဏ်ရာမီးလား
သူမသိခဲ့သော အချစ်စူးလား
ဝေခွဲမတတ် ဆုံးဖြတ်ချက်တို့
သူ့မျက်ဝန်းအောက် တောင်းပန်လျှိုဆဲ….
ဝေခွဲမတတ် ဆုံးဖြတ်ချက်တို့
ပြတ်သားမိစဉ် အုံ့ပုန်းအချစ်
အချစ်စိတ်မှ လက်တွဲဖော်ဖြစ်
ရွေးချယ်ကာထား သူ့နှလုံးသား….
တစ်နေ့တစ်ချိန် ပေါ်လာလိမ့်မည်
ရင်ကအချစ် စူးဆူးလိမ့်မည်
ကိုယ်တိုင်သိခဲ့ သူ့နှလုံးသား
ပိုင်ဆိုင်ခွင့်ရမည်လား
စိတ်ကူးယဉ်ခဲ့ သော်ပေမယ့်လည်း
ဒုတိယအချစ် တဖက်သတ်အချစ်သာ
ငါပိုင်ဆိုင်လို့ မျှော်လင့်ချက်တွေ
ကုန်ဆုံးကာသွား သူမသိခဲ့သော
ရင်ကဒဏ်ရာများ…..
Second two
10.3.09

0 comments:

Post a Comment