Friday, August 5, 2011

အနိုင်ယူသူတိုအရှုံး

လွှမ်းလှ ၍
နွမ်းလျှ လျှ..သာ ကျန် ပါ တော့ သည်..။

ချစ် ခြင်းဖြင့်သာ
တည် စေရာ ကြောင်း
ဆု တောင်း တို့ လည်း
ကွဲ ကြေ လွင့် ထွက်
ခြေ ဖျက် ခဲ့ ခြင်း

ထိုသော နေ့ တွင်..
ချစ် သူ ..မငို ပါ
ချစ် သူ ..မချိုသာ

တလျှပ် လျှပ် ခုန်
တုန် ရီ သွေး ပွက်
ပျက် ပျက် ယွင်း ယွင်း
သေခြင်း နှင့် ရှုံး
ငါ့နှလုံး…

ထိုသော နေ့ တွင်..
ချစ် သူ ..မငို ပါ
ချစ် သူ ..မချိုသာ

ဆုံး သတ် နှုတ် ဆက်
ပျော် လျက် ဖြင့် သာ
သာ သာ ရွှင် ပြုံး
သူ့မျက် လုံး ကား….
ငါ့ အား နိုင် ယူ
လှူပစ် ခဲ့သော

ထို သော နေ့တွင်
ချစ် သူ.. မငိုပါ
ချစ် သူ .. မချို သာ…။ ။

Demon 13

2 comments:

Anonymous said...

ကဗျာလေးတွေ အရမ်းကောင်းတယ်ဗျာ
အဟောင်းလေးတွေကိုပါဖတ်သွားတယ်။

မေသိမ့်သိမ့် ကျော် said...

ကဗျာလေးတွေက နုနုလေးနဲ့ ရင်ကို ထိသွားတယ်။

ခင်တဲ့
မေသိမ့်

Post a Comment