Tuesday, May 14, 2013

အသည်းကွဲတဲ့နေ့

အမှည့်လွန် သစ်သီးတို့
ပဲ့ ကြွေကုန်ကြပြီမေ။
ယုယမှုကဗျာ
ဒီတစ်ခါနောက်ဆုံးဆို
မှိုတက်နေတဲ့  သစ်သီးတစ်လုံး
အပြုံးအတုနဲ့
ကိုယ့်လက်ထဲထည့်လိုက်ပါ
ဒါဆိုရင်ပဲ
ကမ္ဘာမြေပြင်ဟာ
ပျော်စရာကောင်းကြောင်း
လောင်းကြေးထပ်
ကိုယ်မတ်မတ်ရပ်နေဦးမှာ။
အချစ်ဆိုတာ
မြစ်တစ်ခုလို စီးဆင်းသွား
သူမုန်းမလား
ကိုယ်မုန်းမလား
အရှုံးပေးတမ်းကစားကြတာမဟုတ်
အရုပ်တစ်ခုကို မဝယ်နိုင်
ကလေးငယ်လက်မှိုင်ချ ငိုကြွေးသတဲ့
ဒါပေမဲ့ စွဲလမ်းမှုအကြောင်း
သူကောင်းကောင်းသိသွားခဲ့ ။
နောက်တစ်ခါဆို
သစ်သီးချိုတစ်လုံးခူးစားဖို့
လက်များတွန့်ဆုတ် တွန့်ဆုတ်
နောင်တတို့ ချုပ်ရိုးပျက်
အရှက်တရားက
ခေတ္တကယ်တင်ရှင်ပေါ့မေ။ ။
ကျော်အောင်သစ်
(မြားနတ်မောင်၊ ဇွန်လ၊ ၁၉၉၂ ခု)

0 comments:

Post a Comment