Tuesday, May 14, 2013

အရင်လို ပြန်လာခွင့်ရှိရင်တောင်

တကားလုံးဝေအောင်ဆွဲပြလည်း
ငါ့ပန်းချီထဲ
တစ်ပွင့်မှဝေဖော်မရ
နေစိမ့်ကြတယ်။
စွေ့ကနဲခုန်ချ သစ်သီးကောက်
ဖြုတ်ခနဲ ပြန်တက် ရှဥ့်မြီးကောက်လေး
ငေးလို့တောင် မ၀သေး
ဝေးခဲ့ရတယ်။
အပင်ပေါ်ပြန်လာခွင့်ရှိတယ်ဆိုရင်တောင်
အရင်လို ပြန်ဝေခွင့်မရှိတဲ့ဟန်ပါလား..
သွေးဆာနေတဲ့ အစွယ်ကိုမှ
သက်သက်လွတ်တရား
ပြမိလျက်သား..
ထားပါတော့ မိတ်ဆွေရေ
စီးနေဆဲမြစ်အတွက်
ကျောင်းတက်ချိန်ဆိုတာ
နေညိုညို ရေချိုးဆိပ်လို့ပဲထားလိုက်ပါ..
ထုံးပေါက်နေတဲ့လျှာအတွက်
“ဘ၀ဆိုတာ” လို့စကားစရမှာ
လေးလံလှပါတယ်ဟာ… ။     ။
မင်းကိုနိုင်
၁၇.၁၀.၂၀၁၂

0 comments:

Post a Comment