မင်းမျက်ဝန်းကမ်းပါးက ကိုယ့်သင်္ဘောကို
ကပ်ဖို့ငင်။ ကလေးရေ ..
ရှုံးမယ်မှန်းသိရက်နဲ့ ခွင်းနေခဲ့ ကိုယ့်မြှားတွေ ကိုယ့်ရင်ကိုသာ ထုတ်ချင်းခတ်ထိ။
တစ်ဘ၀စာ စိုက်ပျိုးခဲ့ မျက်ရည်သစ်ပင်
အစမ်းလေ့ကျင့်နေရ။
မီးပေးလိုက်ဆိုတာနဲ့ ကိုယ့်ကို ငင်နေတဲ့
မင်းမျက်ဝန်းဟာ ဇာတ်တိုက်ထားတဲ့ မြစ်ဖြစ်သွား ကိုယ်မခံစားနိုင်ခဲ့။
ကလေးရေ .. ကိုယ်က မြစ်ဆိုပြီး ကူးတဲ့ခါ တံလျှပ်တွေ ကိုယ်က မြေဆိုပြီး ပြေးတဲ့ခါ
တိမ်တိုက်တွေ ပန်းတိုင်မဲ့ လိုက်နေရပြီး အရှုံးသရဖူးပဲ ထပ်ထပ်ရ။
အရှုံးပါပဲ သဘာဝကျတဲ့အခါ သိမ်းထားချင
်လောက်အောင် လှပတယ်။ ကိုယ့်ဆိပ်ကမ်းမှာ ရှိုက်သံစွက်တဲ့ အလွမ်းတွေပဲ တင်ကျန်နေ
တော့ မုန်တိုင်းရေ ထန်လိုက်ပါတော့။
မနက်ဖြန်ဆို မနက်ဖြန်ဆို .. ပင်လယ်ရေ နေလုံးရွဲရွဲကြီးကို ရပ်ပစ်လိုက်စမ်း ဝေးရမယ့် မနက်ဖြန်ဆိုတာ မလာစေနဲ့။
တစ်သက်စာရှင်သန်ဖို့ မင်းအညှို့တွေကို လုံလုံခြုံခြုံ သိမ်းမယ်။ ကလေး .. ဟန်ဆောင်တာ မပါဘဲ ကိုယ့်ကို မုန်းတယ်ဆိုတဲ့ acting လုပ်ပါ ဒါမှ ကိုယ်ခွဲလို့ရမှာ ခွဲနိုင်မှာ။
မင်းနှုတ်ဆက်တဲ့ နေရာမှာ ကိုယ်မရှိချင်ဘူး။ ဟိုးမှာ ပင်လယ် ဒီမှာ မြေပြင် အထက်မှာ
ကောင်းကင် မင်းစိုတော့မှာလား ကိုယ့်ရင်ခွင်က တက်သွားတဲ့ အခိုးအငွေ့လေးတွေနဲ့
ရွာတော့မယ့်မိုး မင်းစိမ်းမြစိုပြေဖို့
မင်းမိုးမိလိုက်ပါ။
ကိုယ့်အတွက် အချစ်ဆိုတာ တစ်သံသရာလုံး လုံခြုံချမ်းမြေ့ဖို့ အကြည့်တွေပဲ လိုအပ်ပါတယ်။ မင်းမျက်ဝန်းမှာ ရွှန်းမြမြလေးပြုံးပါ ကိုယ့်မျက်ဝန်းက စိုစွတ်နေမှာ ကိုယ့်မျက်ဝန်းက စို စွတ် နေ မှာ ကိုယ့် မျက် ၀န်း က စို စွတ်
နေ မှာ။ ။
မင်းခိုက်စိုးစန်
0 comments:
Post a Comment